မန်စီးတီးမှာ ၂၀၃၄ခုနှစ်အထိရှိနေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်တဲ့ ဟာလန်း
အာလင်းဟာလန်းဟာ သူ့ရဲ့ ဘောလုံးသမားဘ၀ အများစုကို မန်စီးတီးမှာ ကျော်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီး ၂၀၃၄ခုနှစ် နွေရာသီအထိ သူ့ကို ကလပ်မှာ ထိန်းထားမယ့် သက်တမ်းတိုး စာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဒေါ့မွန်ကနေ မန်စီးတီးကို ရောက်လာတဲ့ ၂၄ နှစ်အရွယ် တိုက်စစ်မှူးက အီတီဟတ်မှာ ၉ နှစ်ခွဲ ကြာမယ့် စာချုပ်တစ်ခု ချုပ်ဆိုလိုက်ပါတယ်။
ဟာလန်းက မန်စီးတီးအတွက် ၁၂၆ ပွဲမှာ ဂိုး ၁၁၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု နှစ်ကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်နဲ့ Super Cup တစ်ကြိမ် ဆွတ်ခူးနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ဒီနှစ်ရာသီဟာ မန်စီးတီးနဲ့ ဟာလန်းတို့အတွက် ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်နေပေမယ့် ကလပ်က သူ့ကို နောင်နှစ်ပေါင်းများစွာ ထိန်းထားဖို့ ကြိုးစားခဲ့ပါတယ်။
သက်တမ်းတိုး စာချုပ်မှာ သူ့ရဲ့ ယခင် စာချုပ်မှာပါတဲ့ စာချုပ်ဖျက်သိမ်းကြေး စည်းကမ်းချက်ကို ဖယ်ရှားလိုက်တာကြောင့် ရီးရဲလ်မက်ဒရစ်လို ကလပ်တွေအတွက် ဟာလန်းကို ခေါ်ယူဖို့ ပိုခက်ခဲသွားပါတယ်။ ဟာလန်းရဲ့ သက်တမ်းတိုး စာချုပ်ဟာ ဘောလုံးသမား သက်တမ်းတိုး စာချုပ်တွေထဲက အကြီးမားဆုံး တစ်ခုဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဟာလန်းက မန်ချက်စတာမှာ အရမ်းပျော်နေတယ်လို့ သိရပါတယ်။ သူဟာ နည်းပြ ပက်ဂွါဒီယိုလာ၊ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းဖော်တွေနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားပါတယ်။