The network connection is lost.

Banner Image

တူးလော့စ်အား အနိုင်ရခဲ့တဲ့ပွဲက ပီအက်စ်ဂျီရဲ့ အာရုံစိုက်မှုကို ချီးကျူးလိုက်တဲ့ အင်းနရစ်

အင်းနရစ်ဟာ စနေနေ့က တူးလော့စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲက ပီအက်စ်ဂျီ ကစားသမားတွေရဲ့ အာရုံစိုက်မှုကို ချီးကျူးခဲ့ပါတယ်။ ဒုတိယနေရာရှိ မာဆေးလ်က စိန့်အီတီယန်ကို ၅-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ပီအက်စ်ဂျီဟာ ဖာဘီယန် ရူးစ်ရဲ့ ဒုတိယပိုင်းသွင်းဂိုးဖြင့် အနိုင်ရရှိကာ လီဂူးဝမ်းအမှတ်ပေးဇယားရဲ့ထိပ်ဆုံးတွင် ၁၀ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

အင်းနရစ်ရဲ့ အသင်းဟာ ရာသီရဲ့ ပထမ ၂၂ ပွဲအတွင်း ရှုံးနိမ့်မှုမရှိဘဲ ပြိုင်ပွဲအားလုံးတွင် အနိုင်ပွဲဆက်မှုက ၆ ပွဲအထိ ရှိလာပြီဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ်အတွက် အာရုံပြန်လည်စိုက်ရမှာဖြစ်ပြီး လီဂူးဝမ်းကလပ် ဘရက်စ် နှင့် အိမ်ကွင်းတွင် နောက်ဆုံးအဆင့် ပလေးအော့ဖ်ဒုတိယအကျော့ကို ကစားရမှာဖြစ်ပါတယ်။၂၀၁၉-၂၀ ရာသီတွင် ဗိုလ်လုပွဲသို့တက်နိုင်ခဲ့တဲ့အသင်းဟာ ပထမအကျော့တွင် ၃-၀ ဂိုးဖြင့် ဦးဆောင်ထားပြီး နောက်ဆုံး ၁၆ အဆင့်သို့တက်ရောက်ရန် အားသာချက်ရှိနေပါတယ်။

အင်းနရစ်ကတော့ ပထမနှင့် ဒုတိယပွဲစဉ်ကြား တူးလော့စ်သို့သွားရောက်ကစားတဲ့ ခရီးစဉ်အတွင်း ကစားသမားတွေရဲ့ အာရုံစိုက်မှုကို ထိန်းသိမ်းနိုင်ခဲ့ခြင်းကို ကျေနပ်ခဲ့ပါတယ်။ "ဒါဟာ ချန်ပီယံလိဂ်ပွဲစဉ်နှစ်ပွဲကြားကစားရတဲ့ လိဂ်ပွဲစဉ်တစ်ပွဲဖြစ်ပြီး အာရုံစိုက်မှုလျော့ကျဖို့က အလွန်လွယ်ကူပါတယ်" လို့ စပိန်လူမျိုး မန်နေဂျာက ပြောကြားခဲ့ပါတယ်။ "ဒါပေမယ့် ကျွန်တော်တို့မှာ အရမ်းအရေးကြီးတဲ့ အရည်အချင်းတစ်ခုရှိပြီး အမြင့်မားဆုံးအဆင့်မှာ ယှဉ်ပြိုင်နိုင်တယ်လို့ ထင်ပါတယ်"

"အသင်းရဲ့ဂျာစီဝတ်ထားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ရည်ရွယ်ချက်က တူညီပါတယ်။ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကစားသမားများစွာကို ယှဉ်ပြိုင်နိုင်ပြီး အနိုင်ရနိုင်အောင် လုပ်ဖို့ပါ" "ဒါဟာ အရမ်းအရေးကြီးတဲ့ အနိုင်ရမှုတစ်ခုပါ။ ကျွန်တော်တို့ဟာ ပွဲစဉ်တိုင်းမှာ ယှဉ်ပြိုင်ပြီး အနိုင်ရတာကို ကြိုက်ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ အသင်းကို ဂုဏ်ပြုချင်ပါတယ်" "ကျွန်တော်တို့ ကောင်းမွန်စွာလုပ်နေတဲ့အရာတွေကို ဆက်လုပ်ရမယ် တိုးတက်အောင် ဆက်လုပ်ရပါမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့အောင်မြင်မှုကို ဆက်လက်တည်တံ့အောင် လုပ်ရပါမယ်" လို့ နည်းပြက ပြောပါတယ်။