
မက်အယ်လစ္စတာရဲ့ဒဏ်ရာအခြေအနေအကြောင်း ရှင်းပြလာတဲ့ အန်းစလော့
အန်းစလော့က ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လေ့ကျင့်ရေးကွင်းမှထွက်ခွာခဲ့ရတဲ့ မက်အယ်လစ္စတာကို နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ထည့်သွင်းအသုံးပြုဖို့ မလုံလောက်ဘူးလို့ ယူဆထားခဲ့ပါတယ်။
ရာသီကြိုကာလနှောင်းပိုင်း၊ အသင်းနဲ့မပူးပေါင်းခင်အထိ သုံးလနီးပါးကြာ အနားယူခဲ့ရတဲ့ မက်အယ်လစ္စတာက ရာသီအဖွင့်ပွဲစဉ်မှာတော့ ပွဲချိန် ၇၂ မိနစ်အထိ ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် သူက နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွက် ပွဲနေ့လူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။
ဒါက အာဂျင်တီးနားသားရဲ့ကြံ့ခိုင်မှုပြဿနာကြောင့် ပွဲနေ့မတိုင်ခင် လေ့ကျင့်ပြင်ဆင်မှုကို ကောင်းကောင်းမပြုလုပ်နိုင်ခြင်းအတွက် အခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရှင်းပြပါတယ်။လက်ရှိမှာတော့ အန်းစလော့က နိုင်ငံတကာသီတင်းပတ်မတိုင်ခင် လာမယ့်တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ အာဆင်နယ်ကိုဧည့်ခံကစားရမယ့်ပွဲစဉ်မတိုင်ခင် မက်အယ်လစ္စတာအမြန်ဆုံးပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ လွန်ခဲ့တဲ့နှစ်ရက်လောက်မှာ မက်အယ်လစ္စတာက လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားရပါတယ်။ သူ့မှာသာ ကောင်းမွန်တဲ့ရာသီကြိုကာလတစ်ခုရှိခဲ့မယ်ဆိုရင် ဒါမျိုးဆိုတာ အကြီးမားဆုံးပြဿနာတစ်ခု မဖြစ်လာနိုင်ပါဘူး။ ဒါပေမဲ့ သူက သီတင်းပတ်ပေါင်းများစွာ လွဲချော်ခဲ့ပါတယ်။
ဒီနေရာမှာ တစ်ခုခုခံစားသွားရနိုင်ခြေရှိလို့ သိမ်းထားရတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုလည်း ရှိပါတယ်။ ရာသီကြိုကာလအများစုကို လွဲချော်ထားတဲ့ ကစားသမားတွေနဲ့ ဟန်ချက်ညီမှုကိုရှာဖွေရတာ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီကြိုကာလမှာပဲ တစ်ရာသီလုံးစာအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ရလို့ပါ။
ပြီးခဲ့တဲ့သီတင်းပတ်လိုပဲ နယူးကာဆယ်နဲ့ပွဲစဉ်မှာလည်း ကြုံတွေ့ခဲ့ရတဲ့ ပြင်းထန်မှုမျိုးကို မြင်တွေ့မယ်ဆိုရင် ကြံ့ခိုင်မှုပြည့်ဝနေဖို့ အလွန်လိုအပ်တယ်ဆိုတာကို ၁၀ ခါလောက် တွေးမိနေပါလိမ့်မယ်။
နောက်ပြီး ရာသီကြိုကာလအများစုလွဲချော်ထားတဲ့၊ လွန်ခဲ့တဲ့နှစ်ရက်လောက်တုန်းက လေ့ကျင့်ပြင်ဆင်မှုကို လွဲချော်ထားတဲ့ ကစားသမားတစ်ဦးကို ခေါ်ဆောင်လာမယ်ဆိုရင် စွန့်စားရမယ့်အန္တရာယ်တစ်ခုလည်း ရှိနေပြန်ပါတယ်။
ရှည်လျားလွန်းတဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းရဖို့ရှိနေမှုနဲ့အတူ ကျွန်တော့်အတွက်တော့ ဒါက စွန့်စားလွန်းရာကျပါတယ်။ ဒါပေမဲ့ လာမယ့်တစ်ရက်၊နှစ်ရက်လောက်အတွင်း အရာရာတိုင်းတိုးတက်လာဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။ ဒါဆိုရင်တော့ တနင်္ဂနွေနေ့ပွဲစဉ်အတွက် မက်အယ်လစ္စတာ အဆင်သင့်ဖြစ်နေပါလိမ့်မယ်”လို့ ပြောပါတယ်။
ဒါကြောင့် မက်အယ်လစ္စတာအတွက် ပြဿနာကြီးတစ်ခုလို့ မယူဆနိုင်ပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်းမှာကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာပြဿနာကြောင့် သံသယဖြစ်ဖွယ်အခြေအနေနဲ့ပဲ ရှိနေပါသေးတယ်။
ဘရက်ဒ်လေကြံ့ခိုင်မှုပြည့်ဝကာ အသင်းခံစစ်ညာအစွန်နေရာအတွက် ပွဲထွက်နိုင်မယ်ဆိုရင် ဆိုဘိုဆလိုင်းကို ကွင်းလယ်ဆီ ပြန်ပို့ဖို့ရှိ၊မရှိအပေါ်မူတည်ပြီး အာဆင်နယ်နဲ့ပွဲစဉ်မှာ မက်အယ်လစ္စတာ ပွဲထွက်ခွင့်ရရှိမလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။