The network connection is lost.

Banner Image

တီကိုစတားရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ မန်စီးတီးဂန္ထဝင်

မန်စီးတီးဂန္ထဝင်ဟောင်း အဂူရိုက ဒီရာသီအယ်လ်ဗာရက်ဇ်တစ်ယောက် စွယ်စုံကစားနေတဲ့အပြင် စွမ်းဆောင်ရည်ကောင်းတွေပြသနေတာနဲ့ပတ်သက်လို့ ချီးကျူးလိုက်ပါတယ်။ အာဂျင်တိုင်းသားဟာ ဒီရာသီအသင်းအတွက် ၇ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းဖော်ဟောင်းကတော့ အယ်လ်ဗာရက်ဇ်ကို ဘာစီလိုနာအသင်းက ချိတ်ဆက်နေတဲ့အပေါ် ငြင်းဆန်ခဲ့ပြီး ဒီရာသီပရိသတ်တွေအနေနဲ့ သူစွမ်းဆောင်ပြနေတာကို သဘောကျလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

အယ်လ်ဗာရက်ဇ်ကို ဘာစီလိုနာဘက်က လီဝန်ဒေါစကီးနေရာအတွက် အစားထိုးဖို့ ပြင်ဆင်နေပြီး ကစားသမားကိုယ်တိုင်က မက်ဆီကိုသဘောကျတာကြောင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့က မခက်ခဲနိုင်တာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဘာစီလိုနာက ဟာလန်း ၊ ဂူယာဆေး ၊ အီတာတို့ကိုပစ်မှတ်ထားနေကာ အယ်လ်ဗာရက်ဇ်ကတော့ ဘာစီလိုနာဥက္ကဌ လာပေါ်တာရဲ့ဦးစားပေးဖြစ်နေပါတယ်။

မန်စီးတီးထံကနေ ပေါင် ၆၅ သန်းနဲ့ပြောင်းလာပြီးကတည်းက အယ်လ်ဗာရက်ဇ်ဟာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ ပထမရာသီမှာ အာဂျင်တိုင်းသားဟာ ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးနိုင်ခဲ့ပြီး တီကိုအသင်းကို အဆင့် ၃ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တီကိုအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပင်နယ်တီနဲ့ မြို့ခံပြိုင်ဘက် ရီးရဲလ်အသင်းကိုအရေးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ကိုပါဒယ်ရေးဆီမီးဖိုင်နယ်မှာလည်း ဖိုင်နယ်ကိုမတက်ရောက်နိုင်ခဲ့ပဲ ၂ ကျော့ပေါင်း ၅-၄ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ လက်ရှိရာသီသစ်မှာတော့ အယ်လ်ဗာရက်ဇ်ဟာ စွမ်းဆောင်ရည်ကောင်းထပ်မံပြသထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၇ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အခုချိန်မှာလည်း အဂူရိုက အယ်လ်ဗာရက်ဇ်ရဲ့ဒီရာသီစွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။ 

“တီကိုအနေနဲ့ သူ့လိုကစားသမားမျိုးရှိနေလို့ ပျော်ရွှင်သင့်ပါတယ်။ ပရိသတ်တွေလည်း အတူတူပါပဲ။ ကျွန်တော် အပြောင်းအရွှေ့သတင်းတွေအကြောင်း မပြောချင်ပါဘူး။ ဒီအချိန်က သူ့အောင်မြင်မှုတွေကို ဝမ်းသာပေးရမယ့်အချိန်ပါ။ ဂျူလီယန်ရယူပေးတဲ့အရာတွေက တကယ့်အံ့ဖွယ်ပါ။ သူကကွင်းထဲမှာ နေရာစုံကစားနိုင်ပါတယ်။ ပြီးတော့ အနစ်နာခံမှုအပြင် အရည်အချင်းတွေလည်း အများကြီးရှိနေပါတယ်”လို့ အဂူရိုက ပြောကြားခဲ့ပါတယ်။

အဂူရိုဟာ ၂၀၀၆ တုန်းက တီကိုအသင်းမှာ ဖော်လန်နဲ့အတူကစားခဲ့ဖူးတာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၃၄ ပွဲမှာ ၁၀၁ ဂိုးသွင်း ၊ ၄၇ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အဲ့နောက် စီးတီးထံပြောင်းရွှေ့ခဲ့ကာ မန်ချီနီလက်အောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပယ်လီဂရီနီ ၊ ဂွါဒီယိုလာတို့လက်အောက်မှာ ဆုဖလား ၅ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာကိုမပြောင်းခင်မှာ စီးတီးအတွက် ၃၉၀ ပွဲမှာ ၂၆၀ ဂိုးသွင်း ၊ ၆၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်ကလည်း အဂူရိုခြေရကိုလိုက်နင်းဖွယ်ရှိနေပြီး အခုညမှာ တီကိုအသင်းဟာ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။