
ချဲလ်ဆီးစတားကို သေးငယ်တဲ့စူပါစတားလေးလို့ အသင်းဖော် ချီးကျူး
ချဲလ်ဆီးအသင်းစတား အဒါရာဘိုင်ယိုက အသင်းဖော် ပယ်လ်မာကို သေးငယ်တဲ့စူပါစတားလေးလို့ ချီးကျူးပြောကြားလိုက်ပါတယ်။ အသက် ၂၃ နှစ်သာရှိသေးပေမယ့် ပယ်လ်မာဟာ ချဲလ်ဆီးအသင်းကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ခြေစွမ်းဆက်လက်တိုးတက်နေတာဖြစ်ပါတယ်။
ပယ်လ်မာတစ်ယောက် ကလပ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းကောင်းတွေပြသနေပေမယ့် ဖိအားတွေတော့ များနေတာဖြစ်ပါတယ်။
အဆိုပါဖိအားတွေရှိနေပေမယ့်လည်း အသင်းဖော် အဒါရာဘိုင်ယိုကတော့ ပယ်လ်မာရဲ့စွမ်းဆောင်ရည်ကိုချီးကျူးလိုက်သလို သေးငယ်တဲ့စူပါစတားလေးလို့ တင်စားလိုက်ပါတယ်။
ပယ်လ်မာ နဲ့ အဒါရာဘိုင်ယိုတို့ဟာ မန်စီးတီးလူငယ်အသင်းမှာကတည်းက အသင်းဖော်တွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
“ကျွန်တော် ကိုးလ်ကို ငယ်ငယ်လေးကတည်းကသိတာပါ။ အခုတော့ သူကအကြီးကြီးတွေလုပ်ဆောင်နိုင်နေပါပြီ။ သူ့အသက်က ၂၂ နဲ့ ၂၃ ကြားပဲရှိနေသေးတယ်ဆိုတာကို လူတွေမေ့နေကြတယ်လို့ ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ သူကမျက်နှာသစ်ကစားသမားတွေထဲကတစ်ယောက်ပါ။
မှန်ပါတယ်။ သူ့ဘဝက လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ပြောင်းလဲခဲ့ပြီဖြစ်သလို အခုဆိုသူက သေးငယ်တဲ့စူပါစတားလေးဖြစ်လာပါတယ်။ ဒါပေမယ့် သူအဲ့တာကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ ဘောလုံးအပေါ်မှာ သူ့ရဲ့အာရုံစိုက်နိုင်စွမ်းကို သူသိပါတယ်။ သူက ဘောလုံးကစားရတာကိုနှစ်သက်သလို အဲ့တာက ကျွန်တော်သိတဲ့ပယ်လ်မာပါ။ သူ့အနေနဲ့ စေ့စပ်သေချာတာတွေအများကြီးလက်ခံရရှိတယ်လို့ လူတွေပြောကြပါတယ်။
ကျွန်တော်ကတော့ အဲ့လိုမျိုးဖြစ်နေတယ်လို့ မထင်ပါဘူး။ သူကွင်းထဲရောက်တိုင်းမှာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မျိုးပြသနိုင်တယ်လို့ ထင်ပါတယ်။ မှန်ပါတယ်။ အဲ့တာက ကျွန်တော့်ကောင်လေးပါ။ ကျွန်တော်က ဆရာတစ်ယောက်လို့ မပြောချင်ပါဘူး။
သူက ထိပ်တန်းအဆင့်ဖြစ်သလို ထိပ်တန်းကစားသမားဖြစ်တာကြောင့် ဘယ်သူ့ဆီကနေမှ အကြံဉာဏ်မလိုပါဘူး။ ဒါပေမယ့် သူဘာပဲလိုလိုကျွန်တော်ဒီမှာရှိနေပါတယ်။ ကျွန်တော်ရောက်လာချိန်မှာ အလျင်အမြန်အထိုင်ကျခဲ့ပြီး ကောင်လေးတွေကိုကူညီပေးနိုင်ခဲ့ပါတယ်။
ကျွန်တော်အနည်းငယ်တော့ ကောင်လေးတွေကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ရိစ် ၊ ကိုဝဲလ် ၊ အန်ဇို ၊ ကိုင်စီဒို ၊ ကူကူရယ်လာ နဲ့ ပယ်လ်မာတို့ရှိနေပါတယ်”လို့ အဒါရာဘိုင်ယိုက ပြောကြားခဲ့ပါတယ်။
ပယ်လ်မာတစ်ယောက် ပြီးခဲ့တဲ့ရာသီတုန်းက ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မပြနိုင်ခဲ့ပေမယ့် ၁၅ ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အဆိုပါစွမ်းဆောင်ရည်ကြောင့် အသင်းဘက်က ဂန္ထဝင်ကျောနံပတ် ၁၀ နဲ့ဆုချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။