The network connection is lost.

Banner Image

ဘာစီလိုနာအတွက် ပွဲ ၃၀၀ ပြည့် ပါဝင်ကစားပေးနိုင်တဲ့ ပထမဆုံးဒတ်ချ်ကစားသမားအဖြစ် ဒီဂျောင် သမိုင်းသစ်ရေးထိုး

အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရတဲ့ အင်္ဂါနေ့ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်ကစားပြီးနောက် ဒီဂျောင်က ဘာစီလိုနာအသင်းအတွက် ပွဲ ၃၀၀ အထိ ပါဝင်ကစားပေးနိုင်တဲ့ ပထမဆုံးနယ်သာလန်ကစားသမား ဖြစ်လာခဲ့ပါတယ်။

အက်စတွန်ဗီလာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ဘာစီလိုနာရဲ့ချန်ပီယံလိဂ်နိုင်ပွဲမှာ ဒီဂျောင်က ပွဲချိန်မိနစ် ၇၀ မှာ ပက်ဒရီရဲ့နေရာကို လူစားဝင်ကစားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ဒီဂျောင်က ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ၊ အေဂျက်စ်ရဲ့ နာမည်ကျော်ဆီမီးဖိုင်နယ်ခရီးလမ်းမှာ ပါဝင်ပြီးနောက် ၂၀၁၉ ခုနှစ်မှာ ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒီဒတ်ချ်ကစားသမားက ကာတာလန်ကလပ်အသင်းရဲ့ကွင်းလယ်မှာ အဓိကအားထားရသူတစ်ဦး အလျင်အမြန်ဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဗယ်လီကာနိုနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ပထမဆုံးအကြိမ် ဝတ်ဆင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလအတွင်း ကိုကူးရဲ့ ဘာစီလိုနာအတွက် ၂၉၂ ပွဲ ပါဝင်ကစားပေးထားတဲ့ စံချိန်ကို ချိုးဖျက်ပြီးနောက် ဒီဂျောင်က ရော်နယ်ကိုးမန်းစ်၊ ကိုကူးတို့ကို ကျော်ဖြတ်ကာ ကတ္တလန်ကလပ်အသင်းအတွက် ပွဲအများဆုံးပါဝင်ကစားပေးထားတဲ့ ဒတ်ချ်လူမျိုးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

စပိန်ထိပ်သီးကလပ်အသင်းအတွက် ပွဲ ၃၀၀ ပါဝင်ကစားရာမှာ ဒီဂျောင်က ဂိုး ၂၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်။