ယူနိုက်တက်မှာ သူ့ရဲ့ အနာဂတ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေချိန် ကာရင်တန်လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားတဲ့ ကာရစ်
မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေချိန် မိုက်ကယ်ကာရစ်က ကလပ်အသင်းရဲ့လေ့ကျင့်ကွင်းဖြစ်တဲ့ ကာရင်တန်မှ ထွက်ခွာသွားခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် ကာရစ်က ယာယီနည်းပြအဖြစ် အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး လအနည်းငယ်အကြာမှာတင် မန်ချက်စတာယူနိုက်တက် နည်းပြရာထူးမှ ထုတ်ပယ်ခံရမယ့် အခြေအနေဆီ ရောက်ရှိနေပါတယ်။
ကြားရက်မှာ ဖာဘရီဂတ်စ်ရဲ့ကိုမိုကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုနဲ့ တနင်္ဂနွေနေ့၊ ဘုန်းမောက်ကို ၀-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုတို့ကြောင့် ကာရစ်အတွက် သည်းခံနိုင်စွမ်းကုန်ဆုံးစေခဲ့တဲ့ နောက်ဆုံးအချက် ဖြစ်လာနိုင်ပါတယ်။
သူက ကာရင်တန်မှာ တံခါးပိတ်ယှဉ်ပြိုင်ကစားတဲ့ ယူ-၂၁ အသင်းနဲ့ ဟားလ်စီးတီးတို့ရဲ့ ပွဲစဉ်ကို ကြည့်ရှုဖို့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်မှာ ရောက်ရှိလာခဲ့ပါတယ်။
သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ကလပ်အသင်းရဲ့အကြီးအကဲတွေနဲ့ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ကာရင်တန်ကနေ ကာရစ် ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
အစောပိုင်းမှာ ဘောလုံးဒါရိုက်တာဂျေဆန်ဝီကော့လည်း ပြန်လည်ထွက်ခွာသွားခဲ့သလို အမှုဆာင်အရာရှိချုပ်အိုမာဘာဘရာဒါလည်း သိပ်မကြာမီ ထွက်ခွာသွားခဲ့ပါတယ်။