The network connection is lost.

Banner Image

ဖလော်ရီယန်ဝစ်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဂျာမနီနဲ့ လီဗာပူးကြယ်ပွင့်ဟောင်း

ဂျာမနီနဲ့ လီဗာပူးကစားသမားဟောင်း မားကပ်စ်ဘက်ဘဲလ်က ဖလော်ရီယန်ဝစ်ဇ်ရဲ့ခြေစွမ်းပိုင်းနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်၊ လေဗာကူဆင်မှ ငွေကြေးအမြောက်အများနဲ့ လီဗာပူးဆီ ပြောင်းရွှေ့လာပြီးနောက် ဖလော်ရီယန်ဝစ်ဇ်ပြသခဲ့တဲ့ စွမ်းဆောင်ရည်ပိုင်းကို ကာရေဂါနည်းတူ ဘက်ဘဲလ်လည်း ပြင်းပြင်းထန်ထန် ဝေဖန်လာပါတယ်။
 
"သူ့မှာရှိနေတဲ့ လုပ်နိုင်စွမ်းတွေကို သူ ထုတ်မပြနိုင်သေးပါဘူး။ အခုဆိုရင် တစ်နှစ်ကျော်လာပြီဖြစ်လို့ ကျွန်တော်တော့ စတင်စိုးရိမ်လာပါပြီ" လို့ ran နဲ့အင်တာဗျူးမှာ ဘက်ဘဲလ်က ပြောကြားခဲ့ပါတယ်။
 
"ပရီးမီးယားလိဂ်နဲ့ အသားကျဖို့အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်တယ်ဆိုတာကို ကျွန်တော် အပြည့်အဝ နားလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက မတူညီတဲ့ အားကစားတစ်ခုအကြောင်းပြောသလို ဖြစ်နေလို့ပါပဲ။ ဒါကြောင့် သူ အချိန်နည်းနည်း ယူရလိမ့်မယ်ဆိုတာ ကျွန်တော့်အတွက် ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ" လို့ ဂျာမနီနဲ့ လီဗာပူးကစားသမားဟောင်းက ထပ်လောင်းပြောပါတယ်။
 
"သူ ပြေးလွှားနေတယ်ဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီလောက်ပါပဲ။ လေဗာကူဆင်မှာ ကျွန်တော်တို့တွေ့မြင်ခဲ့ရတဲ့ ဖလော်ရီယန်ဝစ်ဇ်အကြောင်းကို သိထားရင်တော့ အခုပုံစံဆိုတာ လုံးဝ မလုံလောက်သေးပါဘူး။ ပရီးမီးယားလိဂ်မှာ ဘာတွေလိုအပ်သလဲဆိုတာကို သူ သဘောပေါက်နားလည်တာမျိုးပဲ ကျွန်တော် မြင်ချင်ပါတယ်။ လောလောဆယ်တော့ သူက အသင်းမှာ ပါနေရုံသက်သက်လောက်ပါပဲ။
 
ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင်လည်း ပွဲစဉ်တွေအပေါ်မှာ သူ့ရဲ့ အမှတ်အသားကို ဒီထက်ပိုပြီး ချမှတ်ပြသနိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူ ဒါမျိုး မလုပ်ဆောင်နိုင်သေးပါဘူး"လို့ ဘက်ဘဲလ်က ဆက်လက်ပြောကြားခဲ့ပါတယ်။
 
ဖလော်ရီယန်ဝစ်ဇ်က လာမယ့်နေးရှင်းလိဂ်ပွဲစဉ်လေးခုအတွက် ယာဂန်ကလော့ပ်ရဲ့ဂျာမနီအသင်းလူစာရင်းနှစ်ခုအနက် ဒုတိယမြောက်လူစာရင်းမှာ ရွေးချယ်ခံခထားရပါတယ်။ ဒါကြောင့် သူက ဆာဘီးယားနဲ့ အောက်တိုဘာ ၁ ရက်အိမ်ကွင်းပွဲစဉ်၊ ဂရိနဲ့ အောက်တိုဘာ ၄ ရက်အဝေးကွင်းပွဲစဉ်တွေမှာ ပါဝင်ကစားသွားနိုင်ပါတယ်။