The network connection is lost.

Banner Image

ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ လီဗာပူးကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်ကို ဘိုင်ယန်မြူးနစ် အနီးကပ်စောင့်ကြည့်လာ

ဘိုင်ယန်မြူးနစ်အသင်းက လီဗာပူးမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမား ဖလော်ရီယန်ဝစ်ဇ်ရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
 
အသက် ၂၃ နှစ်အရွယ်ကစားသမားက ၂၀၂၅ ခုနှစ်၊ နွေရာသီမှာ လေဗာကူဆင်မှ လီဗာပူးဆီ ပြောင်းရွှေ့ကြေးပေါင် ၁၁၆ သန်းဖြင့် ရောက်ရှိလာခဲပြီး လက်ရှိအချိန်အထိ သူ့ရဲ့စျေးကွက်တန်ဖိုးနဲ့ ထိုက်တန်တဲ့စွမ်းဆောင်ရည်မျိုး မပြသနိုင်သေးပါဘူး။

ဒီကစားသမားက လီဗာပူးအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲကစားရာမှာ ခုနစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုကိုးကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့သလို အခုဘောလုံးရာသီမှာလည်း ဂိုးမသွင်းယူနိုင်သေးပါဘူး။
 
Teamtalk ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဖလော်ရီယန်ဝစ်ဇ်ကို အနီးကပ်စောင့်ကြည့်နေပြီး ဘွန်ဒက်စ်လီဂါဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
 
လက်ရှိအချိန်အထိတော့ လီဗာပူးဘက်က ကစားသမားအပေါ် ယုံကြည်မှု မပျက်ပြားသေးသလို လမ်းခွဲဖို့အတွက်လည်း ဆန္ဒမရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီလိုအချိန် ရောက်လာမယ်ဆိုရင် ဘိုင်ယန်မြူးနစ်ဘက်က အခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို့ အသင့်ရှိနေပါလိမ့်မယ်။