The network connection is lost.

Banner Image

လင်ကွန်းနဲ့ပွဲစဉ်မှာ ဘုန်းမောက်အတွက် အခွင့်အလမ်းတွေ အပြည့်အ၀ရယူသွားဖို့ အသင့်ရှိနေတဲ့ ဂျက်ဘီဆန်

ဒန်နီရယ်ဂျက်ဘီဆန်က လင်ကွန်းစီးတီးနဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလားပွဲစဉ်မှာ သူ့ဆီရောက်ရှိလာမယ့် ဘယ်လိုအခွင့်အရေးမျိုးကိုမဆို လက်လွတ်မခံဘဲ ဆုပ်ကိုင်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။
 
အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့အခွင့်အရေးအတွက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပြီး နည်းပြမားကို့ရို့စ်ရဲ့ရွေးချယ်မှုရှိလာရင် အကောင်းဆုံးတုံ့ပြန်ကစားပေးသွားဖို့ အသင့်ပြင်ထားပါတယ်။
 
အခြားကလပ်အသင်းတွေဆီ နှစ်ကြိမ်တိုင်တိုင် အငှားထွက်ကစားပြီးနောက် ရရှိလာတဲ့ အတွေ့အကြုံတွေနဲ့အတူ သူ့ရဲ့ကစားဟန် ပိုမိုတိုးတက်ကောင်းမွန်လာတယ်လို့ ဂျက်ဘီဆန်က ယုံကြည်နေပြီး အခုဘောလုံးရာသီသစ်၊ ဘုန်းမောက်မှာ ပွဲထွက်ခွင့်ရရှိဖို့ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
 
"ကျွန်တော် အသင့်ဖြစ်နေသလို စိတ်လည်းရှည်ပါတယ်" လို့ ဂျက်ဘီဆန်က ကလပ်အသင်းဝက်ဘ်ဆိုက်ဆီ ပြောကြားခဲ့ပါတယ်။
 
"ကျွန်တော့်အတွက် အခွင့်အရေးရလာနိုင်ပြီး ရရှိလာတဲ့ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ အစွမ်းကုန်ကြိုးစားကစားသွားပါမယ်။ ဒါ ကျွန်တော်လုပ်ဖို့ ကြိုးစားနေတဲ့အရာဖြစ်ပြီး တစ်ရက်ချင်းစီအလိုက် အကောင်းဆုံးဖြတ်သန်းသွားပါမယ်"
 
"အခုဆိုရင် ကျွန်တော့်မှာ အတွေ့အကြုံတွေ ရှိနေပြီး ဒီအသင်းမှာ နေရာတစ်ခုရရှိအောင် ကြိုးစားဖို့ အသင့်ဖြစ်နေပါပြီ" လို့ ဆိုပါတယ်။