The network connection is lost.

Banner Image

ကိုဗင်ထရီကို ခက်ခက်ခဲခဲ အနိုင်ယူကာ ဇယားထိပ်မှာဆက်လက်ရပ်တည်နေတဲ့ မန်စီးတီး

မန်စီးတီး ၁ - ၀ ကိုဗင်ထရီ 

မန်စီးတီးက ယနေ့ညပွဲစဉ်မှာ ကစားပုံအားရစရာမရှိဘဲ ကစားသမားအင်အားသာလွန်မှုကြောင့် အလွန်ရခဲ့တာ ဖြစ်ပါတယ်။ ကစားသမားသစ်တွေဖြစ်ကြတဲ့ အန်ဇိုဖာနန်ဒက်ဇ်၊ အန်ဒီယာယီတို့လည်း စွဲမက်လောက်စရာကစားပုံ ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ ကိုဗင်ထရီကတောင် အခွင့်အရေးကောင်းတွေပိုရခဲ့ပေမဲ့ ဒွန်နာရမ်မာ လက်စွမ်းပြကာကွယ်သွားခဲ့တာကြောင့် ချေပဂိုးနဲ့ဝေးကွာခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်စီးတီးက သုံးပွဲဆက်နိုင်ပွဲနဲ့အတူ ဇယားထိပ်မှာ ဆက်လက်ရပ်တည်နေပြီး ကိုဗင်ထရီကတော့ သုံးပွဲစလုံးရှုံးကာ ဇယားအောက်ဆုံးရောက်နေခဲ့ပါတယ်။