အာဆင်နယ်ပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ယူနိုက်တက်ဂန္တဝင်ဖာဒီနန် ပြောကြား
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ရီယိုဖာဒီနန်က လက်ရှိပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်အတွက် တကယ့်ပြိုင်ဘက်ကောင်း မရှိလာသေးဘူးလို့ ယုံကြည်နေပါတယ်။
အင်္ဂလန်နောက်ခံလူဟောင်းက ပြိုင်ဘက်ကလပ်အသင်းအများအပြား အပြောင်းအလဲကာလကို ဖြတ်သန်းနေရချိန် အာတီတာရဲ့အသင်းမှာ တည်ငြိမ်မှုအပြည့်ရှိနေလို့ အဓိကအားသာချက် ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်က ကိုဗင်ထရီကို ၃-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ယူပြီး ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ယမန်နှစ်ဘောလုံးရာသီမှာ နောက်ဆုံး ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးရရှိပြီးနောက် ဂန်းနားတွေမှာ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းသွားနိုင်မယ့် အနေအထားတစ်ရပ်ရှိနေတယ်လို့ ဖာဒီနန်က ယုံကြည်နေပါတယ်။
ကိုဗင်ထရီအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဖာဒီနန်က သူရဲ့ YouTube Channel မှတဆင့် "ဒါ ကျွန်တော်တို့ အာဆင်နယ်ဆီမှ မျှော်လင့်ထားတဲ့အတိုင်းပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
"ကျစ်လစ်ပြီး ရင်ဆိုင်ဖို့ ခက်ခဲသလို ပြိုင်ဘက်ကို ပိတ်ဆို့ကစားနိုင်ခဲ့ပြီး အမှားအယွင်းအချို့ကို အခွင့်အရေးယူကာ အပြစ်ပေးနိုင်ခဲ့ကြပါတယ်။ သူတို့က ချန်ပီယံအသင်းတစ်ခုလို ကစားသွားခဲ့ကြပါတယ်။
ဒီရာသီမှာ အာဆင်နယ်ကို ဘယ်သူမှ စိန်ခေါ်နိုင်လိမ့်မယ်လို့ မမြင်မိပါဘူး။ သူတို့က တည်ငြိမ်မှုအရှိဆုံး တစ်ခုတည်းသော အသင်းဖြစ်ပါတယ်။ အခြားအသင်းတွေကတော့ အပြောင်းအလဲတွေ အများကြီးရှိခဲ့ကြပါတယ်" လို့ ဆိုပါတယ်။