The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် အာဘီလိုအာနဲ့ဆက်ဆံရေး ဘယ်လိုရှိသလဲဆိုတာ ဖွင့်ဟလာတဲ့ အလွန်ဆို

ချဲလ်ဆီးနည်းပြဇာဘီအလွန်ဆိုက အသင်းရဲ့ရည်မှန်းချက်အပါအဝင် အသင်းဖော်ဟောင်း အာဘီလိုအာနဲ့ပတ်သက်တဲ့ ဆက်ဆံရေးအခြေအနေကို ပြောပြလာခဲ့ပါတယ်။

ချဲလ်ဆီးက ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဇယားအဆင့်-၁၀ နေရာနဲ့ အဆုံးသတ်ခဲ့ရတဲ့ ခြေစွမ်းပိုင်းအပေါ် သိသိသာသာတိုးတက်လာစေချင်တဲ့ အဝေးကွင်းပရိသတ်ရှေ့မှောက်မှာ လာမယ့်တနင်္လာည၊ ကရာဗန်ကော့တေ့ချ်ကွင်းအတွင်း ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ ရင်ဆိုင်ကစားသွားရပါမယ်။

ချဲလ်ဆီးအသင်းက ရိုဆင်နီယာကို ရာထူးမှထုတ်ပယ်ပြီးနောက် လေဗာကူဆင်အသင်းနဲ့အတူ အောင်မြင်မှုကြီးတွေ ရယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးကြယ်ပွင့်ဟောင်း အလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ပရိသတ်တွေရဲ့လှိုက်လှိုက်လှဲလှဲကြိုဆိုမှုကို ရရှိခဲ့ပါတယ်။

အတိတ်မှာ အာဘီလိုအာကို အသင်းဖော်တစ်ဦးထက်မကဘဲ "တကယ့် သူငယ်ချင်းကောင်းတစ်ယောက်" လို့ တင်စားခဲ့ဖူးပေမဲ့ ပွဲစဉ်မတိုင်မီမှာတော့ ပွဲကစားချိန်အတွင်း သူတို့အချင်းချင်းကြားမှာ ဘာဆက်ဆံရေးမှ မရှိဘူးလို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။

အာဘီလိုအာနဲ့ ဆက်ဆံရေးအပေါ် အလွန်ဆိုက "ခင်ဗျားတို့မှာ ဆက်ဆံရေးတစ်ခု ရှိနိုင်ပေမဲ့ ကွင်းတွင်းရောက်သွားချိန် သူငယ်ချင်းလည်း မဟုတ်သလို အတိတ်ဆိုတာလည်း မရှိတော့ပါဘူး။ ကျွန်တော်တို့တွေ မိနစ် ၉၀ ပြည့် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကစာသွားပါမယ်" လို့ ပြောပါတယ်။

ရည်မှန်းချက်နဲ့ စိတ်ဓာတ်ပိုင်းအပေါ် အလွန်ဆိုက "ဘောလုံးဆိုတာက စိတ်ဓာတ်ပိုင်း၊ ယှဉ်ပြိုင်နိုင်စွမ်းပိုင်းဖြစ်ပြီး ပွဲအတွင်း ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းရတာမျိုး ဖြစ်ပါတယ်။ ဒါက တကယ်ကို အရေးကြီးပါတယ်။ လာမယ့် တနင်္လာနေ့မှစပြီး ကောင်းမွန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မယ်။

ရည်မှန်းချက်ကတော့ တတ်နိုင်သမျှ အမြင့်ဆုံးနေရာမှာ ရှိနေဖို့ပါပဲ။ လာမယ့်မေလကျရင် ကျွန်တော်တို့ ဘယ်နေရာမှာ ရောက်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ကောင်းကောင်း စွမ်းဆောင်နိုင်ဖို့ ဆာလောင်မှုတွေ လိုအပ်သလို ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းကိုလည်း တည်ဆောက်ရပါမယ်။

ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ။ ရာသီကြိုကာလတစ်ခုလုံး ပြင်ဆင်ခဲ့ပြီးလို့ စတင်ဖို့အတွက် လိုလားချက်၊ ရည်မှန်းချက်နဲ့ ဆာလောင်မှုတွေ အသင့်ရှိနေပါပြီ" လို့ ဆိုပါတယ်။