ဗင်နီစီးယက်စ်အားခေါ်ယူမယ့်အစီအစဉ်ကို လက်လျှော့လိုက်တဲ့ အာဆင်နယ်
လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက The Athletic ရဲ့ သတင်းထောက် ဒေးဗစ် အွန်စတိန်းက အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗီနီစီးယပ်စ်ကို အာဆင်နယ်က အံ့အားသင့်စရာ ကမ်းလှမ်းမှုတစ်ခုလုပ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။
ဗီနီစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး တစ်နှစ်ကို ယူရိုသန်း ၃၀ အထိ ရရှိဖို့ တောင်းဆိုထားတာကြောင့် စာချုပ်သစ်ကိစ္စက ကြန့်ကြာနေတာပါ။ ဒါပေမဲ့လည်း ကစားသမားရော ကလပ်အသင်းဘက်ကပါ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေကြပြီး ဒါကို ပရီးမီးယားလိဂ်ချန်ပီယံတွေကလည်း ကောင်းကောင်းကြီး သိရှိထားကြပါတယ်။
Marca ရဲ့ ဖော်ပြချက်အရ ဗီနီစီးယပ်စ်ဟာ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးတော့မယ်ဆိုတာကို အာဆင်နယ်ဘက်က ယုံကြည်သွားပြီဖြစ်တဲ့အတွက် အခုအခါမှာတော့ သူ့ကိုခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို ရပ်တန့်လိုက်ပြီလို့ သိရပါတယ်။
ဒါကြောင့် မီကေးလ်အာတီတာရဲ့ အသင်းဟာ တခြားကစားသမားတွေဆီကို အာရုံပြောင်းလိုက်ပြီဖြစ်ပြီး လီဗာပူးအသင်းက စိတ်ဝင်စားနေပေမဲ့လည်း PSG အသင်းရဲ့ ဘရတ်ဒလေ ဘာကိုလာကို ပစ်မှတ်ထားနေပါတယ်။