The network connection is lost.

Banner Image

လီဗာပူးကို‌ငြင်းပယ်ကာ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ မိုနာကိုကွင်းလယ်ဖန်တီးရှင် မက်နက်စ်အက်ကလီယော့ရှ်

မိုနာကိုအသင်းရဲ့ကွင်းလယ်ဖန်တီးရှင် မက်နက်စ်အက်ကလီယော့ရှ်က လီဗာပူးရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပြီး ပီအက်စ်ဂျီနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း နည်းပြအီရာအိုလာရဲ့လီဗာပူးအသင်းဟာ အသက် ၂၄ နှစ်အရွယ်ကစားသမားအတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး ပြင်သစ်နဲ့ ဥရောပချန်ပီယံ ပီအက်စ်ဂျီထက်တောင် ငွေကြေးပိုမိုသုံးစွဲဖို့ အသင့်ရှိနေခဲ့ပါတယ်။

ဒါပေမဲ့ Foot Mercato ရဲ့ဖော်ပြချက်အရ အက်ကလီယော့ရှ်ကို အခုလိုငွေကြေးပိုမိုပေးချေတဲ့ကိစ္စက မဆွဲဆောင်နိုင်ဘဲ ပီအက်စ်ဂျီနဲ့လက်တွဲဖို့သာ လိုလားကြောင်း လီဗာပူးဆီ ကစားသမားကိုယ်တိုင် အသိပေးလိုက်ပြီလို့ သိရပါတယ်။

ပီအက်စ်ဂျီနဲ့ မိုနာကိုအကြား  အက်ကလီယော့ရှ်အတွက် ဆွေးနွေးနေတာ သီတင်းပတ်အတော်ကြာမြင့်နေပြီဖြစ်ပြီး ပီအက်စ်ဂျီရဲ့ ယူရိုသန်း ၄၀ တန်နောက်ဆုံးကမ်းလှမ်းမှုကိုလည်း မိုနာကိုဘက်က ပယ်ချထားပါတယ်။

ပီအက်စ်ဂျီက စတုတ္ထအကြိမ်မြောက် ကမ်းလှမ်းမှုအတွက် ပြင်ဆင်နေပြီး အက်ကလီယော့ရှ်ကို အောင်အောင်မြင်မြင်ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတယ်လို့ L’Équipe သတင်းဌာနမှာ ဖော်ပြထားပါတယ်။