ပီအက်စ်ဂျီမှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ လူကပ်စ် ရှီဗာလီယာကို ခေါ်ယူဖို့ ဂျူဗင်တပ်စ် ချိန်ရွယ်နေ
ဂျူဗင်တပ်စ်အသင်းဟာ ပီအက်စ်ဂျီဂိုးသမား လူကပ်စ် ရှီဗာလီယာကို ခေါ်ယူဖို့အတွက် စောင့်ကြည့်လေ့လာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါဂိုးသမားကို ပြီးခဲ့တဲ့နွေရာသီကမှ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားတဲ့ ဂျီယန်လူဂီ ဒွန်နာရမ်မာရဲ့နေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီအသင်းက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရှီဗာလီယာဟာ ဒွန်နာရမ်မာရဲ့ ခြေရာကို လိုက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဆိုးရွားတဲ့ အမှားအယွင်းတချို့ကို ဆက်တိုက်ကျူးလွန်ခဲ့တာကြောင့် ပွဲထွက်ဂိုးသမားနေရာကို မတ်ဗေး ဆာဖွန်နော့ဗ်ဆီ လက်လွှတ်ခဲ့ရပါတယ်။
Foot Mercato ရဲ့ ဖော်ပြချက်အရ ဂိုးသမားအသစ် ရှာဖွေနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ရှီဗာလီယာကို အသင်းကနေ ထွက်ခွာခွင့်ရအောင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အရင်ကလည်း အလစ်ဆန် ဘက်ကာ၊ အီမီလီယာနို မာတီနက်ဇ်နဲ့ ဂတ်လီယယ်မို ဗီကာရီယို တို့လို ဂိုးသမားတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။