The network connection is lost.

Banner Image

ခံစစ်အကျပ်အတည်းကြုံတွေ့နေရချိန် လီဗာပူးရဲ့အခွင့်အလမ်းတစ်ခုကို တားမြစ်ထားတဲ့ ပရီးမီးယားလိဂ်

၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်နေချိန်မှာပဲ နည်းပြအီရာအိုလာရဲ့လီဗာပူးအသင်းမှာ ခံစစ်ပိုင်းအင်အားနည်းပါးနေတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အားလပ်ရက်ရရှိထားတဲ့ အသင်းခေါင်းဆောင်ဗန်ဒိုက်က လီဗာပူးရဲ့အမေရိကန်ရာသီကြိုခရီးစဉ်စတင်ချိန်မှာ မပါဝင်လာခဲ့ပါဘူး။

ဗန်ဒိုက်ကတော့ အမေရိကန်ရာသီကြိုခရီးစဉ်အတွင်း အသင်းနဲ့ ပြန်လည်ပူးပေါင်နိုင်ဖွယ် ရှိပေမဲ့ ဆန်းဒါးလန်းနဲ့ရာသီကြိုခြေစမ်းပွဲစဉ်မှာတင် ဒဏ်ရာရရှိသွားတဲ့ ဂျိုးဂိုးမက်ဇ်က လက်ကျန်ခြေစမ်းပွဲစဉ်တွေအတွက် ဆက်ပြီးပါဝင်နိုင်ဖို့ စိုးရိမ်စရာ ဖြစ်နေပါတယ်။

ဂျိုးဂိုးမက်ဇ်က ဆန်းဒါးလန်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပထမဆုံးခြေစမ်းပွဲစဉ်ရဲ့ ပွဲချိန် ၁၀ မိနစ်မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပြီး သူ့နေရာကို အသက် ၁၈ နှစ်အရွယ် အန်ဒူကွီ ပါဝင်ကစားခဲ့ပါတယ်။

အသင်းရဲ့ခံစစ်ပိုင်းမှာ ဒူးအရွတ်ဒဏ်ရာရရှိထားတဲ့ လီယိုနီက ပြန်လာနိုင်ဖို့ အချိန်လိုအပ်နေသေးသလို ပုခုံးခွဲစိတ်ထားတဲ့ ကစားသမားသစ်ဂျက်ကွက်ကိုလည်း တဖြည်းဖြည်းချင်းသာ အသုံးပြုသွားဖို့ နည်းပြအီရာအိုလာကိုယ်တိုင် ဆုံးဖြတ်ထားပါတယ်။

ဒါကြောင့် အသင်းဖော်အန်ဒီယာရီလိုပဲ အန်ဒူကွီက ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ ရှိပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ပါဝင်ကစားဖို့အတွက် အခွင့်အရေးမရှိပါဘူး။

The Athletic ရဲ့ဖော်ပြချက်အရ အန်ဒူကွီက လီဗာပူးစီနီယာအသင်းကြီးမှာ ပါဝင်ကစားဖို့အတွက် အလုပ်လုပ်ခွင့်ပါမစ်(Work Premit)ရမှတ်လိုအပ်ချက် မပြည့်မီလို့ အင်္ဂလန်ထိပ်တန်းလိဂ်ပွဲစဉ်တွေကို ပါဝင်ကစားခွင့်မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် အီရာအိုလာအတွက် သြဂုတ် ၂၃ ရက်၊ နယူးကာဆယ်နဲ့ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် နောက်ခံလူသစ်တစ်ဦးကို အပြောင်းအရွှေ့စျေးကွက်မှာ မဖြစ်မနေ ရှာဖွေသွားရမယ့် အခြေအနေ ဖြစ်လာပါတယ်။