The network connection is lost.

Banner Image

ဂျိုးဂိုးမက်ဇ်ရဲ့ဒဏ်ရာအပေါ် တုံ့ပြန်ပြောဆိုလိုက်ပြီး ဂျက်ကွက်ကို ဘယ်အချိန်မြင်တွေ့ရမလဲဆိုတာ ဖွင့်ဟလာတဲ့ အီရာအိုလာ

လီဗာပူးက နည်းပြသစ်အန်ဒိုနီအီရာအိုလာရဲ့လက်အောက်၊ ပထမဆုံးရာသီကြိုခြေစမ်းပွဲမှာ ဆန်းဒါးလန်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမဲ့ ဂျိုးဂိုးမက်ဇ်ဒဏ်ရာရရှိသွားလို့ အသင်းအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီခြေစမ်းပွဲစဉ်မှာ မော်ရစ်ဆင်၊ ဆိုဘိုဆလိုင်း၊ ချီယေဆာ၊ ကူးမက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အီရာအိုလာရဲ့အသင်းက အထင်ကြီးလောက်စရာနိုင်ပွဲတစ်ခုကို ဖန်တီးခဲ့ပါတယ်။

ဒါပေမဲ့ အသင်းရဲ့ခံစစ်ပိုင်းမှာတော့ ပြဿနာတွေ ပိုမိုဆိုးရွားလာပါတယ်။ ဆန်းဒါးလန်းနဲ့ခြေစမ်းပွဲစဉ်ရဲ့ ပွဲအစပိုင်းမှာတင် ဂျိုးဂိုးမက်ဇ် ဒဏ်ရာရရှိသွားလို့ လီဗာပူးအသင်းရဲ့အနိုင်ရလဒ်အတွက် အပြည့်အ၀မပျော်နိုင်ခဲ့ပါဘူး။

လက်ရှိမှာ လီဗာပူးက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အားလပ်ရက်ရရှိနေတဲ့ အသင်းခေါင်းဆောင်ဗန်ဒိုက်အပြင် ဒဏ်ရာမသက်သာသေးတဲ့ လီယိုနီကိုပါ လက်လွှတ်ထားရပါတယ်။ ဒါ့အပြင် ကစားသမားသစ်ဖြစ်တဲ့ ဂျက်ကွက်လည်း ပုခုံးဒဏ်ရာမှ သက်သာခါစဖြစ်လို့ ကြိုတင်ကာကွယ်မှုအဖြစ် ဆန်းဒါးလန်းနဲ့ခြေစမ်းပွဲစဉ်မှာ အနားပေးထားခဲ့ပါတယ်။

ပွဲစဉ်အပြီး LFCTV နဲ့ အင်တာဗျူးမှာ ဂျိုးဂိုးမက်ဇ်ရဲ့ဒဏ်ရာနဲ့ပတ်သက်လို့ အီရာအိုလာက "တကယ်တော့ အဆိုးဆုံးသတင်းက ဂျိုးဂိုးမက်ဇ်ရဲ့ ဒဏ်ရာပါပဲ။ လေ့ကျင့်ခန်းဆင်းချိန် ဘယ်သူမှ ဒဏ်ရာမရခဲ့လို့ ကျွန်တော်တို့ ပျော်နေခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ဘဲ အခုတော့ ဂျိုးဂိုးမက်ဇ်ကို လက်လွှတ်လိုက်ရပါပြီ" လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အီရာအိုလာက ဂျရမီဂျက်ကွက်ရဲ့ကစားဟန်ကို မကြာခင် မြင်တွေ့ရတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ "ဂျက်ကွက်က ပွဲမကစားရတာ လနဲ့ချီနေလို့ သူ့ကို ဖြည်းဖြည်းချင်းပဲ ပြန်သုံးသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဂျက်ကွက်က လေ့ကျင့်ခန်းတော့ ကောင်းကောင်းဆင်းနေပါပြီ။ အမေရိကန်ခရီးစဉ်ရဲ့နောက်ဆုံးပွဲစဉ်မှာ သူ ပါဝင်ကစားပါလိမ့်မယ်" လို့ ဆိုပါတယ်။