စကော့တလန်ကို ဂိုးပြတ်အနိုင်ယူကာ အုပ်စုပထမနေရာကနေ နောက်တစ်ဆင့်တက်သွားတဲ့ ဘရာဇီး
စကော့တလန် ၀ - ၃ ဘရာဇီး (ပွဲပြီးရလဒ်)
ဘရာဇီးအသင်းက ဒီပွဲမှာ ကစားသမားချန်လှပ်ခြင်းမရှိဘဲ လူစုံတက်စုံပွဲထုတ်လာတာကြောင့် စကော့တလန်တို့ ဘယ်လိုမှယှဉ်မကစားနိုင်ဘဲ ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။
ဘရာဇီးအတွက်ဂိုးတွေကို ဗင်နီစီးယက်စ်၊ ကွန်ဟာတို့က သွင်းယူပေးခဲ့တာဖြစ်သလို နေမာလည်း ပထမဆုံးအကြိမ်ပါဝင်ခဲ့ရလို့ ဝမ်းသာစရာဖြစ်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ မော်ရိုကိုအသင်းက ဟေတီနဲ့အသည်းအသန်ကစားခဲ့ရပေမဲ့ နောက်ကျဂိုးတွေနဲ့အနိုင်ရခဲ့ပါတယ်။
စကော့တလန်ကတော့ ရမှတ်သုံးမှတ်နဲ့ အကောင်းဆုံးတတိယနေရာကတက်နိုင်ဖို့ အခြားပြိုင်ဘက်တွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။