အီရတ်ကို ဂိုးပြတ်အနိုင်ယူကာ ရှုံးထွက်အဆင့်တက်ရောက်သွားတဲ့ ပြင်သစ်
ပြင်သစ် ၃-၀ အီရတ် (ပွဲပြီးရလဒ်)
အုပ်စု(I)ရဲ့ဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ အားလုံးမျှော်လင့်ထားတဲ့အတိုင်းပဲ ပြင်သစ်က ပြိုင်ဘက်အီရတ်ကို သက်သောင့်သက်သာအနိုင်ယူပြီး ရှုံးထွက်အဆင့်ဆီ တက်ရောက်သွားခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ပြင်သစ်အတွက် အမ်ဘာပေက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲချိန်ပြည့်မြောက်ချိန် ရာသီဥတုအခြေအနေကြောင့် ပွဲစဉ်ကို နှစ်နာရီခန့် ရပ်နားခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာလည်း ပြင်သစ်က အမ်ဘာပေနဲ့ ဒမ်ဘီလီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အဖိုးတန်နိုင်ပွဲကို ဖော်ဆောင်ခဲ့ပါတယ်။