The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်အသင်းကို ရောင်းချသွားဖို့အတွက် ဖြစ်နိုင်ခြေတွေကို အသင်းပိုင်ရှင်တွေ စဉ်းစားသုံးသပ်နေ

အမေရိကန်သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းပိုင်ရှင်တွေက ပရီးမီးယားလိဂ်ကလပ်အသင်းကို ရောင်းချဖို့အတွက် စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်ရိုက်သိရှိထားသူတွေကို ကိုးကားကာ Financial Times က တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

အသင်းပိုင်ရှင်တွေက ဒီလုပ်ငန်းစဉ်တွေကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် Raine Group ရဲ့ ဘဏ္ဍာရေးကျွမ်းကျင်သူတွေကို တာဝန်ပေးထားပြီး အသင်းတစ်ခုလုံးရောင်းချမှုအပါအဝင် မတူညီတဲ့ ရွေးချယ်စရာတွေအတွက် လမ်းဖွင့်ပေးထားတယ်လို့ Financial Times သတင်းမှာ ဖော်ပြထားပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဘက်ကတော့ ဒီအခြေအနေအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

ခရစ္စတယ်ပဲလေ့စ်အသင်းကို အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေဖြစ်ကြတဲ့ ဂျော့ရှ်ဟဲရစ်၊ ဒေးဗစ်ဘလစ်ဇာ၊ ဝုဒီဂျွန်ဆင်တို့အပြင် ၂၀၁၀ ပြည့်နှစ်ကကတည်းက ကလပ်အသင်းရဲ့အမှုဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အသင်းရဲ့တစ်သက်တာပရိသတ်စတိဗ်ပါရစ်ရှ်တို့လို အဓိကရှယ်ယာရှင်လေးဦးက ဦးဆောင်မောင်းနှင်နေပါတယ်။

ယူကေဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းဖြစ်သလို New York Jets အသင်းရဲ့ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ ဂျွန်ဆင်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်အတွင်း Eagle Football Holdings ရဲ့ ခရစ္စတယ်ပဲလေ့စ်ရှယ်ယာတွေကို ဝယ်ယူခဲ့ပြီး ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ ဒီဝယ်ယူမှုမှာ ပေါင် သန်း ၁၉၀ (ဒေါ်လာ ၁၂၀.၇၀ သန်း) ဝန်းကျင် တန်ကြေးရှိပြီး ဂျွန်ဆင်က ရှယ်ယာ ၄၃ ရာခိုင်နှုန်းအထိ ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းက လန်ဒန်တောင်ပိုင်းကလပ်အတွက် ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ သမိုင်းဝင်ကာလတစ်ခုအပြီး ဂလက်စ်နာရဲ့နေရာမှာ ပြင်သစ်လူမျိုးနည်းပြဆာဂီကို အစားထိုးခန့်အပ်လိုက်တဲ့နေ့မှာပဲ ထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လ၊ စာချုပ်သက်တမ်းပြည့်မြောက်ချိန် အသင်းမှထွက်ခွာသွားတဲ့ ဂလက်စ်နာက ခရစ္စတယ်ပဲလေ့စ်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ် အက်ဖ်အေဖလားချန်ပီယံဆု ဆွတ်ခူးပေးခဲ့သလို မေလအတွင်းမှာလည်း စပိန်ကလပ်ရာယိုဗေးကာနိုကို အနိုင်ယူကာ ကွန်ဖရန့်လိဂ်ဆုဖလားကို ထပ်မံရယူပေးခဲ့ပါတယ်။

Financial Times ရဲ့သတင်းဖော်ပြချက်ကိုတော့ တရားဝင်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။