ဖူလ်ဟမ်အသင်းနည်းပြသစ်ဖြစ်လာဖို့ အတော်လေးနီးစပ်နေတဲ့ အာဘီလိုအာ
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းအာဘီလိုအာက ဖူလ်ဟမ်အသင်းမှာ ခရီးစဉ်သစ်တစ်ခု စတင်ဖို့ အတော်လေးနီးစပ်နေပြီလို့ သိရပါတယ်။
ဖူလ်ဟမ်အသင်းက ဘင်ဖီကာမှာ မော်ရင်ဟိုရဲ့နေရာကို အစားထိုးမယ့် မာကိုဆေးလ်ဗားကို လက်လွှတ်လိုက်ရလို့ နည်းပြသစ်တစ်ဦး မဖြစ်မနေရှာဖွေနေရပါတယ်။
သူတို့က ရီးရဲလ်မက်ဒရစ်နဲ့ မော်ရင်ဟို ပြန်လည်ပေါင်းစည်းခန်းမှာ အသင်းမှထွက်ခွာပေးလိုက်ရတဲ့ အာဘီလိုအာကို နည်းပြသစ်နေရာအတွက် ဦးစားပေးစဉ်းစားလာပုံရပါတယ်။
သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အသက် ၄၃ နှစ်အရွယ်အာဘီလိုအာက ဖူလ်ဟမ်အသင်းနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုတွေအပြီး နည်းပြသစ်အဖြစ် တာဝန်ယူဖို့ အတော်လေးနီးစပ်နေပြီလို့ သိရပါတယ်။
အာဘီလိုအာနဲ့ အေစီမီလန်အကြား သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အီတာလျံကလပ်အသင်းအကြီးက မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းအာမိုရင်ကိုပဲ တာဝန်ပေးအပ်ဖို့ ကြိုးပမ်းနေပါတယ်။