The network connection is lost.

Banner Image

မန်စီးတီးနည်းပြရာထူးနဲ့ သတင်းတွေထွက်နေတဲ့အပေါ် ချယ်လ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စကာ ဖွင့်ဟလာ

ပက်ဂွါဒီယိုလာသာ အသင်းကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် မန်စီးတီးရဲ့ နည်းပြသစ်ဖြစ်လာဖို့ သတင်းတွေထွက်နေတဲ့အပေါ် ချယ်လ်ဆီးနည်းပြဟောင်း အန်ဇိုမာရက်စကာက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာဟာ မန်စီးတီးမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို အဆုံးသတ်ပြီး ဒီနွေရာသီမှာပဲ အသင်းကနေ ထွက်ခွာဖို့ များနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကလည်း ပိုမိုအားကောင်းလာနေပါတယ်။ အကယ်၍ ဝါရင့် စပိန်လူမျိုးနည်းပြကြီးသာ အသင်းကနေ အနားယူသွားမယ်ဆိုရင် အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချယ်လ်ဆီးနည်းပြဟောင်း မာရက်စကာဟာ မန်စီးတီးအသင်းက အစားထိုးခန့်အပ်ဖို့ အလိုရှိနေတဲ့ ထိပ်တန်းရွေးချယ်မှုဖြစ်တယ်လို့ သတင်းအများအပြားမှာ ဖော်ပြထားပါတယ်။

အခုလို သတင်းတွေထွက်ပေါ်နေချိန်မှာပဲ မာရက်စကာက "ကျွန်တော့်ရဲ့ နောက်ထပ်အခန်းကဏ္ဍသစ်အတွက် အဆင်သင့်ဖြစ်နေပါပြီ၊ ဒါက အရေးကြီးဆုံးအချက်ပါ။ မန်စီးတီးနည်းပြရာထူးလား၊ ကလပ်အသင်းတွေထက်စာရင် ကိုယ်တိုင်အဆင်သင့်ဖြစ်နေဖို့က ပိုအရေးကြီးပါတယ်။ ရာသီကုန်ဖို့ ရက်သတ္တပတ် အနည်းငယ် ကျန်ပါသေးတယ်၊ အဲဒီနောက်မှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ" လို့ ၎င်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ မာရက်စကာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာခဲ့တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကတော့ မန်စီးတီးအသင်းကို တာဝန်ယူဖို့အတွက် ကြိုတင်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။