The network connection is lost.

Banner Image

ဘာစီလိုနာကို အပြီးသတ်ပြောင်းရွှေ့ဖို့ မသေချာပေမဲ့ ရက်ရှ်ဖို့ဒ်ကို အသင်းဆီ ပြန်ခေါ်ဖို့ ယူနိုက်တက်မှာ အစီအစဉ်မရှိ

မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဘာစီလိုနာအသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ မရေမရာဖြစ်နေပေမဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူ့ကို အသင်းလူစာရင်းထဲ ပြန်လည်ထည့်သွင်းဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘာစီလိုနာအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲ့ဒီသဘောတူညီချက်ထဲမှာ ကာတာလန်အသင်းအနေနဲ့ ပေါင် ၂၆ သန်းပေးပြီး အပြီးသတ်ဝယ်ယူနိုင်ခွင့်လည်း ပါဝင်ခဲ့ပါတယ်။

ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ဘာစီလိုနာမှာ ကစားခဲ့တဲ့ ၄၆ ပွဲအတွင်း ၁၃ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ခြေစွမ်းပြနေပေမဲ့လည်း နည်းပြဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ဝယ်ယူဖို့ကတော့ ဖြစ်နိုင်ခြေနည်းနေပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ယူအသင်းဆီ ပြန်လာရမယ်ဆိုရင်တောင် အသင်းဘက်က သူ့ကို အသင်းလူစာရင်းထဲ ပြန်ထည့်ဖို့ ရည်ရွယ်ချက်မရှိဘဲ ဆက်လက်ရောင်းထုတ်ဖို့ပဲ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရက်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း သူ့ရဲ့ငယ်ဘဝကလပ် မန်ယူအသင်းမှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စိတ်ပျက်စရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းဆီ ပြန်သွားဖို့ ဆန္ဒမရှိဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။