The network connection is lost.

Banner Image

အန်ဒါဆန်ရဲ့နေရာမှာ အစားထိုးဖို့ မစ်ဒယ်ဘရော့ကြယ်ပွင့် ဟက်ခ်နေးကို မျက်စိကျနေတဲ့ နော်တင်ဟမ်ဖောရက်စ်

အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ အီလီယက်အန်ဒါဆန်နေရာမှာ အစားထိုးဖို့အတွက် မစ်ဒယ်ဘရော့ကွင်းလယ်ကစားသမားဟေဒင်ဟက်ခ်နေးကို ခေါ်ယူဖို့ နော်တင်ဟမ်ဖောရက်စ်အသင်း ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်အန်ဒါဆန်က လက်ရှိပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကိုခေါ်ယူနိုင်ဖို့ မန်စီးတီးအသင်း ရေပန်းစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အန်ဒါဆန်မရှိတော့မယ့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး မစ်ဒယ်ဘရော့ကွင်းလယ်လူဟက်ခ်နေးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိဟက်ခ်နေးက မကြာသေးခင်ကမှ ချန်ပီယံရှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံထားရပြီး ကလပ်အသင်းကြီးတစ်ခုဆီ ပြောင်းရွှေ့လိမ့်မယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်ပေါ်ထားသူ ‌ဖြစ်ပါတယ်။

ဒါပေမဲ့ တခြားအသင်း တော်တော်များများကလည်း ဟတ်ခ်နေးအတွက် ပေါင် သန်း ၂၀ ဖြင့်ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပြီး အဲဗာတန်အသင်းနဲ့ ဖရန့်လမ်းပတ်ရဲ့ကိုဗင်ထရီအသင်းတို့ကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။