The network connection is lost.

Banner Image

ပက်တာဆင်အတွက် ကမ်းလှမ်းမှုတွေ အလုံးအရင်းနဲ့ ရောက်လာဖို့ ဆန်းဒါးလန်းအသင်း မျှော်လင့်နေ

အန်သိုနီပက်တာဆင်အတွက် ဒီရာသီမှာ ကမ်းလှမ်းမှုတွေ အများကြီး ရောက်လာလိမ့်မယ်လို့ ဆန်းဒါးလန်းအသင်းက မျှော်လင့်ထားပါတယ်။

ဂိုးသမား ပက်တာဆင်ဟာ ဒီရာသီမှာ မီဝေါလ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတာဖြစ်ပြီး အထူးခြေစွမ်းပြသနေသူလည်း ဖြစ်ပါတယ်။

ChronicleLive သတင်းဌာနရဲ့ အဆိုအရ မီဝေါလ်အသင်းဟာ ပက်တာဆင်ကို အပြီးသတ်စာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးစားလာနိုင်ပေမဲ့ တခြားအသင်းတွေနဲ့ အပြင်းအထန် အပြိုင်အဆိုင် ကြုံတွေ့ရဖို့ ရှိနေပါတယ်။

ဝက်စ်ဘရွန်းနဲ့ ဟားလ်စီးတီးအသင်းတို့ကလည်း ပက်တာဆင်ကို စိတ်ဝင်စားနေကြသလို ပရီမီယာလိဂ်ကို အသစ်တက်လှမ်းလာတဲ့ ကိုဗင်ထရီစီးတီးအသင်းကလည်း အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။

ဆန်းဒါးလန်းအသင်းဘက်ကတော့ နွေရာသီ အပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ ပက်တာဆင်ရဲ့ တန်ဖိုးကို ပေါင် ၈ သန်းဝန်းကျင်အဖြစ် သတ်မှတ်ထားပါတယ်။