The network connection is lost.

Banner Image

ဘန်လေကို အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာတဲ့ မန်စီးတီး

ဘန်လေ ဝ-၁ မန်စီးတီး (ပွဲပြီးရလဒ်)

အခု Turf Moor ကွင်းပွဲစဉ်မှာ မန်စီးတီးက လိုအပ်နေတဲ့ အဖိုးတန်အဝေးကွင်းနိုင်ပွဲကို ဟာလန်းရဲ့ပွဲချိန်အစောပိုင်းသွင်းဂိုးနဲ့အတူ ရှာဖွေနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မန်စီးတီးအတွက် အပိုင်အခွင့်အရေးအချို့ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ နည်းပြပက်ဂွါဒီယိုလာကိုယ်တိုင် မချင့်မရဲဖြစ်နေခဲ့မှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက ချန်ပီယံပြေးလမ်းပြိုင်ဘက်အာဆင်နယ်ကို အမှတ်တူ၊ ဂိုးကွာခြားချက်တူ၊ သွင်းဂိုးအသာဖြင့်ကျော်ဖြတ်ကာ အမှတ်ပေးဇယားဦးဆောင်သူဖြစ်လာသလို တဖက်မှာလည်း ဘန်လေက ဝုဗ်နဲ့အတူ တန်းဆင်းရဖို့ သေချာသွားခဲ့ပါတယ်။