The network connection is lost.

Banner Image

မန်စီးတီးကို ရှုံးနိမ့်ပြီးနောက် စိတ်ပျက်နေတဲ့ အသင်းဖော်တွေဆီ အားပေးတိုက်တွန်းခဲ့တဲ့ ဒီကလန်ရိုက်စ်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ကွင်းလယ်လူဒီကလန်ရိုက်စ်က သူ့ရဲ့အသင်းဖော်တွေ စိတ်ဓာတ်ပြန်တက်လာအောင် တိုက်တွန်းအားပေးခဲ့ပါတယ်။

အဲဒီပွဲရလဒ်ကြောင့် မန်စီးတီးက အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့ တစ်ပွဲလျော့၊ သုံးပွဲအကွာ အခြေအနေဆီ ရောက်ရှိလာပါတယ်။

ပွဲပြီးဆုံးကြောင်း ဝီစီမှုတ်လိုက်ချိန် ဒီကလန်ရိုက်စ်က ကွင်းလယ်အဝိုင်းထဲမှာရှိနေတဲ့ အသင်းခေါင်းဆောင်အိုဒီဂတ်ကို မြင်သွားခဲ့ပြီး "ဒါ အဆုံးသတ်သွားတာ မဟုတ်သေးဘူး" လို့ အော်ဟစ်ပြောဆိုခဲ့တာကို ကြားခဲ့ရပါတယ်။
အာဆင်နယ်နည်းပြအာတီတာကလည်း ဒီကလန်ရိုက်စ်ရဲ့ပြောဆိုချက်ကို သဘောတူခဲ့ပြီး ပွဲအပြီးမှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။ "ဒီနေ့မှာလည်း ကျွန်တော် ယုံကြည်တယ်၊ ပြီးခဲ့တဲ့ သီတင်းပတ်၊ ဗုဒ္ဓဟူးနေ့တုန်းကလည်း ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို နေ့တိုင်း မြင်နေရပြီး ကျွန်တော်တို့ဆီမှာ ဘယ်လိုအဆင့်အတန်းရှိလဲဆိုတာ ကျွန်တော် သိနေလို့ပါ" လို့ ဆိုပါတယ်။

"ဒါပေမဲ့ ဒီနေ့မှာ သူတို့ပိုပြီး ယုံကြည်ချက်ရှိဖို့ လိုအပ်နေမယ်ဆိုရင်တော့ အခု သူတို့ ပိုပြီး ယုံကြည်သွားကြပြီလို့ ကျွန်တော် ထင်ပါတယ်။ အဝတ်လဲခန်းထဲမှာလည်း သူတို့ ဒီအကြောင်းကို ပြောနေကြပါတယ်။ အခုတော့ ချန်ပီယံလုပွဲ အသစ်ပြန်စသလို ဖြစ်သွားပါပြီ။ မန်စီးတီးမှာ တစ်ပွဲကစားဖို့ ကျန်ပါသေးတယ်။ ကျွန်တော်တို့က သုံးမှတ် အသာရနေပြီး ကစားဖို့ ၅ ပွဲ ကျန်ပါတယ်။ ဒါကြောင့် အရာအားလုံးက ဆက်ပြီး တိုက်ပွဲဝင်ဖို့ ရှိနေပါသေးတယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ ကြိုးစားခဲ့ရလဲဆိုတာ သိတာကြောင့် ကျွန်တော်တို့ ရပ်တန့်သွားမှာ မဟုတ်ဘဲ နောက်တစ်ကြိမ်ပြန်လည်အားထုတ်သွားမယ်ဆိုတာ သေချာပါတယ်" လို့ အာတီတာက ပြောကြားခဲ့ပါတယ်။