The network connection is lost.

Banner Image

အာဆင်နယ်အသင်းကပဲ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအဖြစ် ရှိနေဆဲလို့ ဝိန်းရွန်းနီ အခိုင်အမာဆို

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဝိန်းရူနီက အခုထိတော့ အာဆင်နယ်အသင်းကိုပဲ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိဖို့ အလားအလာအရှိဆုံးအသင်းအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ၃ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီး ကစားဖို့ တစ်ပွဲလည်း လက်ကျန်ရှိနေပါသေးတယ်။

ရူနီက BBC Sport ကို အခုလို ပြောကြားခဲ့ပါတယ်။ "ဒီချန်ပီယံလုပွဲက မပြီးသေးပါဘူး၊ ရှေ့မှာ အလှည့်အပြောင်းတွေ အများကြီး ဖြစ်လာနိုင်သေးတယ်လို့ ကျွန်တော် ခံစားရပါတယ်။"

"အခြေအနေက တကယ့်ကို အကြိတ်အနယ် ရှိမှာမှန်ပေမဲ့ မန်စီးတီးက အနိုင်ရဖို့ ကြိုးစားရမယ့် ပွဲစဉ်တစ်ပွဲ ပိုကျန်နေသေးတာကြောင့် ကျွန်တော့်အနေနဲ့ အာဆင်နယ်ကိုပဲ ချန်ပီယံဖြစ်ဖို့ အနည်းငယ် ပိုပြီး အခွင့်အရေးရှိတဲ့ အသင်းအဖြစ် သတ်မှတ်ထားတုန်းပါပဲ။"

"ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုး ကြုံဖူးပါတယ်။ ချန်ပီယံဆုအတွက် ကျန်တဲ့ပွဲစဉ်အားလုံးကို အနိုင်ကန်ရမယ့် အခြေအနေမျိုးပေါ့။ ကိုယ့်ရဲ့ပွဲစဉ်တွေကို ပြန်ကြည့်ပြီး ဒီပွဲကတော့ နိုင်မှာပါ၊ ဟိုပွဲကတော့ အေးဆေးပါလို့ တွေးထားတတ်ကြပေမဲ့ တကယ်တမ်းမှာတော့ အဲဒီအတိုင်း ဘယ်တော့မှ ဖြစ်မလာတတ်ပါဘူး။"

"အခုအချိန်ကနေ ရာသီကုန်တဲ့အထိ ဘယ်အသင်းက စိတ်တည်ငြိမ်မှုကို အကောင်းဆုံး ထိန်းထားနိုင်မလဲဆိုတဲ့ အချက်အပေါ်မှာပဲ မူတည်သွားပါလိမ့်မယ်။ အဲဒီလို ထိန်းထားနိုင်တဲ့ အသင်းကပဲ ချန်ပီယံ ဖြစ်သွားမှာပါ" လို့ ၎င်းက ဆိုခဲ့ပါတယ်။