The network connection is lost.

Banner Image

နည်းပြလောကထဲကို အမြန်ဆုံးပြန်ဝင်ဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်းနီ

ယူနိုက်တက်ဂန္ထဝင်ကစားသမား ဝိန်းရွန်းနီဟာ လာမယ့်ရာသီမှာ နည်းပြလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းများအရ သိရပါတယ်။

အသက် ၄၀ အရွယ် ဝိန်းရွန်းနီဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းမှာ (၈) လကြာ တာဝန်ယူခဲ့ပြီးနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်နေတာပါ။ အဲဒီအသင်းမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် လမ်းခွဲခဲ့ရတာဖြစ်ပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဝိန်းရွန်းနီဟာ လက်ရှိလုပ်ကိုင်နေတဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူအလုပ်ကို ရပ်နားပြီး နည်းပြအဖြစ် ပြန်လည်တာဝန်ယူဖို့ပဲ အာရုံစိုက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အချိန်တွေမှာ အဆင်မပြေမှုတွေရှိခဲ့သလို BBC နဲ့လည်း အကျိုးအမြတ်များတဲ့ စာချုပ်ချုပ်ဆိုထားပေမဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ နည်းပြနေရာလစ်လပ်နေတဲ့ အသင်းတွေကို မျက်စိဒေါက်ထောက်ကြည့်နေပါတယ်။

ဝိန်းရွန်းနီဟာ သူ့ရဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ အမြင်တွေကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ရာသီကြိုပြင်ဆင်မှုတွေမစခင်မှာပဲ အသင်းသစ်တစ်သင်းမှာ တာဝန်ယူခွင့်ရဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။