The network connection is lost.

Banner Image

အီတီဟတ်ကွင်းဂိုးပြတ်နိုင်ပွဲ၊ ဟာလန်းရဲ့ဟက်ထရစ်တို့နဲ့ ပြီးပြည့်စုံခဲ့တဲ့ မန်စီးတီး

မန်စီးတီး ၄-၀ လီဗာပူး (ပွဲပြီးရလဒ်)

မန်စီးတီးကတော့ ပက်ဂွါဒီယိုလာပွဲပယ်ခံထားရချိန်မှာတောင် လီဗာပူးကို ဂိုးပြတ်အနိုင်ယူပြီး အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့်ဆီ ထိုက်ထိုက်တန်တန်တက်လှမ်းသွားပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင် ခြေစွမ်းပိုင်းအသာစီးရယူထားတဲ့ မန်စီးတီးက ဟာလန်းရဲ့ပယ်နယ်တီအပါအဝင် သွင်းဂိုးနှစ်ဂိုးနဲ့အတူ အပြတ်အသတ်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာလည်း ဆီမန်ညို၊ ဟာလန်းတို့က နောက်ထပ်ဂိုးတွေသွင်းယူခဲ့ပြီး အိမ်ရှင်မန်စီးတီးအတွက် ဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဧည့်သည်လီဗာပူးအတွက် နှစ်သိမ့်ဂိုးရရှိစေမယ့် အကောင်းဆုံးအခွင့်အရေးအဖြစ် ပယ်နယ်တီရရှိခဲ့ပေမယ့် မိုဆာလက်ရဲ့ကန်ချက်ကို ဂိုးသမားထရက်ဖို့ဒ် လက်စွမ်းပြကာကွယ်သွားလို့ သွင်းဂိုးသုညနဲ့ အီတီဟတ်မှ ကြိုးကြာနီတွေ ထွက်ခွာသွားရပါတယ်။