The network connection is lost.

Banner Image

အက်ဖ်အေဖလားပြိုင်ပွဲမှာ အခုထက်ပိုပြီး ခရီးရောက်ချင်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ ဘရန့်ဖို့ဒ်ကပ္ပတိန်ကောလင်းစ်

အက်ဖ်အေဖလားပြိုင်ပွဲမှာ ဝက်စ်ဟမ်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာလာရမှုအပေါ် စိတ်ပျက်မိတယ်လို့ ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင်ကောလင်းစ်က ဝန်ခံပြောဆိုခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဝက်စ်ဟမ်းကပ္ပတိန်ဘိုဝင်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူးအီဂေါသီယာဂိုတို့ရဲ့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ အချိန်ပိုပွဲချိန်မိနစ်ကုန်ဆုံးချိန်အထိ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဘရန့်ဖို့ဒ်ကစားသမားအူယက်တာရာရဲ့ ပင်နယ်ကာ(Panenka) စတိုင်လ်ကန်ချက် ဂိုးပေါက်နဲ့လွဲချော်သွားလို့ ဝက်စ်ဟမ်းတို့ ၅-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

"အခုလို ပယ်နယ်တီနဲ့ရှုံးပြီး ပြိုင်ပွဲမှထွက်ခွာလာရတဲ့ပုံစံက တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်" လို့ ဗဟိုခံစစ်မှူးကောလင်းစ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ ဒီနှစ်မှာ ဖလားလမ်းကြောင်းတစ်ခုကို အဝေးကြီးအထိ ရောက်အောင် သွားချင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အစွမ်းအစရှိတယ်လို့ ခံစားမိခဲ့သလို အသင်းလူစာရင်းပိုင်းလည်း ဒီအတွက် လုံလောက်တယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် အခုလိုရှုံးနိမ့်မှုကို လက်ခံပေးဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်"

"ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ကြသလို အချိန်ပိုမှာလည်း ပွဲကို အနိုင်ယူနိုင်မယ့် အခွင့်အရေးတွေ သေချာပေါက်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်ဆင့်ဆီမတက်နိုင်ခဲ့လို့ တကယ်ကို စိတ်ပျက်မိပါတယ်" လို့ ၎င်းက ဆိုပါတယ်။