The network connection is lost.

Banner Image

မိုဆာလက်နေရာဆက်ခံသူအဖြစ် သတင်းထွက်နေခြင်းကို တုံ့ပြန်လာတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူးကွန်စီကာအို

မိုဟာမက်ဆာလာရဲ့နေရာမှာ အစားထိုးဖို့ သူ့ကို လီဗာပူးအသင်းစိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ဂျူဗင်တပ်စ်တောင်ပံကစားသမားကွန်စီကာအိုက ပြန်လည်တုံ့ပြန်ပြောကြားလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားက အသင်းမှာ ကိုးနှစ်ကြာကာလအတွင်း အံ့အားသင့်ဖွယ်ရာအောင်မြင်မှုတွေ ရယူခဲ့ပြီးနောက် အခုရာသီကုန်ဆုံချိန်၊ လီဗာပူးမှ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

လတ်တလောမှာတော့ လီဗာပူးအသင်းက အားထားရတဲ့ အီဂျစ်တိုက်စစ်မှူးနေရာမှာ အစားထိုးဖို့ရှာဖွေနေပြီး ဂျူဗင်တပ်စ်ရဲ့ကွန်စီကာအိုကို မျက်စိကျနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အသက် ၂၃ နှစ်အရွယ်ကစားသမားကို အပြောင်းအရွှေ့ကောလာဟလနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ သူကတော့ လက်ရှိကလပ်အသင်းမှ အလျှင်စလိုထွက်ခွာဖို့ မလိုအပ်သေးဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

"လီဗာပူးဆိုတာ ကလပ်အသင်းကြီးတစ်ခုလို့ လူတွေပြောနေကြတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော် အခုကစားနေတာလည်း အသင်းကြီးတစ်ခုဖြစ်သလို ဒီမှာလည်း ကျွန်တော် ပျော်ရွှင်နေပါတယ်" လို့ ကွန်စီကာအိုက ပြန်လည်ဖြေကြားခဲ့ပါတယ်။

"လောလောဆယ်မှာတော့ ကျွန်တော်တို့ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်နှစ်ခုဆီပဲ အာရုံစိုက်ထားပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်ရဲ့ကလပ်အသင်းကို အတတ်နိုင်ဆုံးကူညီပေးနိုင်ဖို့ ရာသီပိတ်ပွဲစဉ်တွေကိုပဲ အာရုံစိုက်သွားပါမယ်"

"ကျွန်တော်က အမြဲတမ်းအနိုင်ရရှိရမယ်ဆိုတဲ့ ဖိအားတွေ အများကြီးရှိတဲ့ အသင်းကြီးတစ်ခုမှာ ရှိနေတာပါ။ ဒါကြောင့် ဆက်ပြီး ကြိုးစားသွားဖို့လိုအပ်သလို ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ အသင်းကို ကူညီပေးသွားရပါမယ်" လို့ သူက ဆက်ပြောခဲ့ပါတယ်။