The network connection is lost.

Banner Image

အန်းစလော့နေရာမှာ အလွန်ဆိုနဲ့ အလျှင်အမြန်အစားထိုးနိုင်ဖို့ ပြင်ဆင်နေတဲ့ လီဗာပူးအသင်း

လီဗာပူးအသင်းနည်းပြအန်းစလော့က ရာထူးမှထုတ်ပယ်ခံရဖို့ အလွန်နီးစပ်နေပြီး သူ့ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ အလွန်ဆို အသင့်စောင့်ဆိုင်းနေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ဘရိုက်တန်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လီဗာပူးက ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့သလို အခုရာသီ၊ လိဂ်ရှုံးပွဲ ၁၀ ပွဲ ပြည့်မြောက်သွားခဲ့ပါတယ်။

အခုရာသီ၊ အသင်းရဲ့ရလဒ်ပိုင်း တစတစဆိုးရွားလာနေလို့ အသက် ၄၇ နှစ်အရွယ်အန်းစလော့က အန်ဖီးလ်မှာ ဖိအားတွေနဲ့ အကြီးအကျယ်ရင်ဆိုင်နေရပါတယ်။

BILD သတင်းထောက်အက်ဆယ်ဟက်ဆီရဲ့လတ်တလောဖော်ပြချက်အရ နယ်သာလန်လူမျိုးနည်းပြအန်းစလော့က အသင်းကို အခြေအနေပြန်ကောင်းအောင် အသည်းအသန် ကြိုးစားနေပေမဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေက ထွက်ပေါ်လာခဲ့ပြီလို့ သိပါတယ်။

အဲဒီသတင်းမှာ ဖော်ပြထားတာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ ချယ်လ်ဆီးလိုအသင်းလည်း အမှတ်တွေ ဆက်တိုက်ဆုံးရှုံးနေလို့ အန်းစလော့ ရာထူးမှမထွက်ခွာရသေးဘဲ "ကံကောင်းထောက်မစွာ ကျန်ရှိနေတာ" ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အန်းစလော့ရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် လွန်ခဲ့တဲ့နှစ် ၂၀ တာကာလက လီဗာပူးမှာ ကွင်းလယ်လူအဖြစ်ကစားခဲ့ဖူးတဲ့ လေဗာကူဆင်နည်းပြဟောင်းအလွန်ဆိုကို အတည်ပြုသတ်မှတ်ထားတယ်လို့ သိရပါတယ်။

အလွန်ဆိုက အခုနှစ်အစောပိုင်း၊ ရီးရဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာလာပြီးနောက် လီဗာပူးအသင်းကို အချိန်မရွေးတာဝန်ယူနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။

အားကစားဒါရိုက်တာရစ်ချက်ဟုချ်ကတော့ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ပေါင် ၄၅၀ သန်းအထိ အသုံးပြုကာ ကစားသမားသစ်တွေ ခေါ်ယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ဟက်ဆီရဲ့ပြောကြားချက်အရ "ဆလော့က ကြယ်ပွင့်ကစားသမားတွေနဲ့အတူ ဟန်ချက်ညီညီအလုပ်ဖြစ်မယ့်အသင်းတစ်ခုကို မတည်ဆောက်နိုင်ခဲ့ဘူး" လို့ သိရပါတယ်။ ဒါကြောင့် အသင်းဘုတ်အဖွဲ့က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး အလွန်ဆိုကို ခေါ်ယူနိုင်ဖို့လည်း အသင့်ပြင်ထားပါတယ်။