The network connection is lost.

Banner Image

နိုင်ငံတကာသီတင်းပတ်ကို အသုံးပြုပြီး ချဲလ်ဆီးကို ပြန်လည်ပြင်ဆင်သွားမယ်လို့ ရိုဆင်နီယာကတိပြု

ချဲလ်ဆီးအသင်းနည်းပြရိုဆင်နီယာက အခုနိုင်ငံတကာသီတင်းပတ်ကို အသင်းပြန်လည်စုဖွဲ့ပြင်ဆင်ဖို့အတွက် အသုံးပြုနေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ အဲဗာတန်ကို အရေးနိမ့်ပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်ကလပ်အသင်းက ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းကို ပိုင်ဆိုင်သွားပါတယ်။

"ကျွန်တော့်အမြင်အရ အခုနိုင်ငံတကာပွဲစဉ်နားရက်ရောက်လာတယ်ဆိုတာ ကျွန်တော်တို့အသင်းအတွက် အချိန်ကိုက်ပါပဲ" လို့ ရိုဆင်နီယာက ရှင်းပြပါတယ်။

"ကစားသမားတွေအတွက် အပြောင်းအလဲတစ်ခု ဖြစ်သွားမယ်လို့ မျှော်လင့်ပါတယ်။ သူတို့တွေအနက် အများစုက ကမ္ဘာအနှံ့ခရီးထွက်ပြီး သူတို့ရဲ့နိုင်ငံကိုယ်စားပြုပွဲတွေ သွားကစားကြရပါမယ်။ ဒါပေမဲ့ ဒါက စိတ်ဓာတ်တွေကို အသစ်မှ ပြန်စဖို့၊ စိတ်အေးလက်အေးနဲ့ အတွေးတွေပြန်လည်စုစည်းဖို့နဲ့ ပုံစံသစ်တစ်ခုနဲ့ပြန်လာပြီး အသင်းကို ပြန်လည်လန်းဆန်းတက်ကြွလာအောင် လုပ်ပေးနိုင်မယ့် အချိန်တစ်ခု ဖြစ်နိုင်ပါတယ်။"

"ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့တဲ့ပုံစံနဲ့ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ အနေအထားတွေကြောင့် အခုအချိန်က တကယ်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ ဘယ်လိုအခြေအနေမှာပဲရှိရှိ ဘောလုံးပွဲတွေ ရှုံးနိမ့်ရတယ်ဆိုတာ နာကျင်စရာကောင်းပါတယ်။ ဒါပေမဲ့ ရှေ့ဆက်သွားဖို့အတွက်တော့ အခုလို အချိန်ရလိုက်တာက ကောင်းပါတယ်။"

"ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ တစ်မှတ်ပဲ ကွာဟနေလို့ အခုအတိုင်း ဆက်ပြီး ကြိုးစားသွားဖို့ လိုပါတယ်။ ကစားသမားတွေကိုလည်း ယုံကြည်မှုအမြင့်မားဆုံးဖြစ်အောင် ဆက်ပြီး တွန်းအားပေးသွားပါမယ်။ ဒီနားရက်က ကျွန်တော်တို့အတွက် တကယ့်ကို အချိန်ကောင်းမှာ ရောက်လာတာပါ" လို့ ၎င်းက ဆိုပါတယ်။