The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်လူငယ်ကြယ်ပွင့် ရာသီကုန်အထိ အနားယူရ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားလေး ဘန်ဒီတို မန်တာတိုဟာ ဒဏ်ရာကြောင့် ဒီရာသီရဲ့ လက်ကျန်ပွဲစဉ်တွေကို ကစားနိုင်တော့မှာ မဟုတ်ပါဘူး။ အသက် ၁၈ နှစ်အရွယ် ဒီလူငယ်ကစားသမားလေးဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ကနဦးဆေးစစ်ချက်တွေအရ ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

မန်တာတိုဟာ ဒီလထဲမှာ ကစားခဲ့တဲ့ ချဲလ်ဆီး ယူ-၂၁ အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခုဆိုရင် ခြေထောက်မှာ အကာအကွယ်ဖိနပ် စီးထားရကာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေကို စတင်နေပြီ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ခရစ္စမတ်မတိုင်ခင်က ဝုလ်ဗ်အသင်းနဲ့ ပွဲစဉ်မှာ ယူနိုက်တက်စီနီယာအသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခဲ့တာပါ။

အင်္ဂလန် ယူ-၁၈ လက်ရွေးစင် မန်တာတိုဟာ ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖို့အတွက် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ဒီနှစ် ရာသီကြိုခရီးစဉ်မှာ ပုံမှန်ထက် လူငယ်ကစားသမား အများအပြားကို ထည့်သွင်းသွားဖို့ ရှိနေတာကြောင့်လည်း သူက အမြန်ဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။