The network connection is lost.

Banner Image

သတင်းထောက်တစ်ဦးနဲ့ ဒေါသတကြီး အချေအတင်ဖြစ်ခဲ့တဲ့ လီဗာပူးကပ္ပတိန်ဗန်ဒိုက်

လီဗာပူးအသင်းခေါင်းဆောင် ဗာဂျေးဗန်ဒိုက်ကတော့ အသင်းပရိသတ်တွေရဲ့ အားပေးမှုအပေါ် ဘယ်တုန်းကမှ စိတ်မပျက်ခဲ့ဖူးဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အခုဘောလုံးရာသီမှာ ရလဒ်တွေ မတည်ငြိမ်တဲ့အတွက် ပရိသတ်တွေကြား စိတ်ပျက်မှုတွေ ရှိနေပေမဲ့ သူကတော့ ပရိသတ်တွေရဲ့ထောက်ခံအားပေးမှုအပေါ် ဘယ်တော့မှ သံသယမဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အနို်ငရရှိပြီးနောက် ပရိသတ်တွေနဲ့ ကစားသမားတွေကြား အက်ကြောင်းထပ်တာမျိုး ရှိနေပြီလားဆိုတဲ့ မေးခွန်းကို ဗန်ဒိုက်က အခုလို ဖြေကြားခဲ့ပါတယ်။

"ဒါ ကျွန်တော်မကြိုက်တဲ့ မေးခွန်းမျိုးပါ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲ့ဒီလို လေသံမျိုးကို ကျွန်တော်မကြိုက်ပါဘူး။ လီဗာပူးမှာကစားခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်လုံး ပရိသတ်တွေကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့သလို အခုအချိန်မှာလည်း မရှိပါဘူး" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အတွက် အရမ်းကောင်းမွန်ပေမဲ့ ဒီရာသီမှာတော့ စိတ်ပျက်စရာတွေ ရှိနေတယ်ဆိုတာ အကြောင်းပြချက် ရှိပါတယ်။ ကျွန်တော်တို့ ချန်ပီယံဖြစ်ခဲ့တယ်၊ ခြေစွမ်းလည်း တည်ငြိမ်ခဲ့သလို အနိုင်ရဖို့ နည်းလမ်းတွေကိုလည်း အမြဲရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်နေရပြီး အတက်အကျတွေ အများကြီးရှိနေပါတယ်။ သုံးလေးရက်တစ်ကြိမ် ပွဲတိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြချင်မှုကြောင့် စိတ်ပျက်မှုတွေလည်း ရှိနေတာပါ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။