The network connection is lost.

Banner Image

ရီးရဲလ်နဲ့ မန်ယူတို့ရဲ့ စိတ်ဝင်စားမှုသတင်းတွေအပေါ် အိုလံပီယာကော့စ်ကွင်းလယ်လူ မူဇာကီတစ်ရဲ့ အေးဂျင့် တုံ့ပြန်

အိုလံပီယာကော့စ်အသင်းရဲ့ ကွင်းလယ်လူ ခရစ်စတို မူဇာကီတစ်ကို ဥရောပရဲ့ အင်အားကြီးကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ မြင့်တက်နေပေမဲ့ လူငယ်ကစားသမားလေးကတော့ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူက အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ မူဇာကီတစ်ကို ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က စောင့်ကြည့်နေကြတာပါ။

သူ့ရဲ့ အေးဂျင့်တစ်ဦးဖြစ်သူ ဗာစီလီယို ရိုဗတ်စ်က AS သတင်းဌာနကို ပြောကြားရာမှာတော့ "ခရစ်စတိုက သူ့အသက်အရွယ်နဲ့မလိုက်အောင် ထူးထူးခြားခြားကို ရင့်ကျက်မှုရှိတဲ့သူပါ" လို့ ဆိုပါတယ်။

"သူက အနာဂတ်အတွက်ထက် လက်ရှိအချိန်ကိုပဲ အာရုံစိုက်ထားပါတယ်။ ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရမယ့် လိဂ်ချန်ပီယံဆုကို ရရှိဖို့အတွက် ကစားရမယ့် လိဂ်ပွဲစဉ်တွေ အများကြီး ကျန်ပါသေးတယ်။ ဥရောပ ထိပ်တန်းလိဂ်ငါးခုက အသင်းတွေဆီက စုံစမ်းမေးမြန်းမှုတွေနဲ့ စိတ်ဝင်စားမှုတွေ ရှိနေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီကိစ္စကို ဆွေးနွေးဖို့ဆိုရင်တော့ ရာသီကုန်အထိ စောင့်ရမှာဖြစ်ပြီး သက်ဆိုင်သူအားလုံး သဘောတူညီမှုရနိုင်မယ့် အကောင်းဆုံးအချိန်ကျမှပဲ လုပ်ဆောင်သွားမှာပါ" လို့ ရိုဗတ်စ်က ဆက်ပြောပါတယ်။

ဂရိလက်ရွေးစင်ကစားသမား မူဇာကီတစ်ဟာ အိုလံပီယာကော့စ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပါတယ်။