The network connection is lost.

Banner Image

ကိုလုံးအသင်းရဲ့ တောင်ပံကစားသမား အယ်လ်မာလာကို ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ စောင့်ကြည့်နေ

ကိုလုံးအသင်းရဲ့ တောင်ပံကစားသမား ဆာအစ်အယ်လ်မာလာဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ အကြီးအကျယ် စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါကစားသမားလေးဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာပါ။

ဂျာမနီ ယူ-၂၁ လက်ရွေးစင်ကစားသမားလေးကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းက အလိုရှိနေတယ်လို့ Kicker သတင်းဌာနက ဖော်ပြထားပါတယ်။

တစ်ဖန် Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရလည်း နယူးကာဆယ်အသင်းက လာမယ့်ရာသီအတွက် အယ်လ်မာလာကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

အယ်လ်မာလာဟာ လက်ရှိမှာတော့ ကိုလုံးအသင်းနဲ့ ၂၀၃၀ ပြည့်နှစ် နွေရာသီအထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပါတယ်။

သူဟာ ဒီရာသီ ကိုလုံးအသင်းအတွက် လိဂ်ပွဲ ၂၅ ပွဲ ကစားပေးထားရာမှာ ၈ ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။ အဆိုပါ ၂၅ ပွဲထဲမှာ ၁၁ ပွဲကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။