လာမယ့်နွေရာသီမှာ ဘယ်အသင်းဆီ ဗန်ဒီဗန် ရောက်ရှိသွားမလဲဆိုတာ ခန့်မှန်းပြောလာတဲ့ ရက်ဒ်နပ်
တော့တင်ဟမ်နည်းပြဟောင်းဟယ်ရီရက်ဒ်နပ်က လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဗန်ဒီဗန် ကြိုးပမ်းလာနိုင်တယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နယ်သာလန်လက်ရွေးစင်ကစားသမားက ဘာစီလိုနာ၊ လီဗာပူးလ်တို့လို အသင်းကြီးတွေနဲအတူ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
လက်ရှိမှာ တော့တင်ဟမ်အသင်းက တန်းဆင်းဇုန်အန္တရာယ် အကြီးအကျယ်ရင်ဆိုင်နေရလို့ ရာသီကုန်မှာ အသင်းမှ ဗန်ဒီဗန်ထွက်ခွာဖို့ ကြိုးစားလာနိုင်ပါတယ်။
WinWin နဲ့ အင်တာဗျူးမှာ ရက်ဒ်နပ်က ဘာစီလိုနာဆီ ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင် ခံစစ်မှူးကိုယ်တိုင် ဝမ်းမြောက်ဝမ်းသာလက်ခံသွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
"ဟုတ်ပါတယ်။ သူ ဘာစီလိုနာအသင်းဆီ သွားချင်နေမယ်ဆိုတာ ကျွန်တော် သေချာပေါက်ပြောရဲပါတယ်။ ဘာစီလိုနာဆိုတာ ဘယ်ကစားသမားအတွက်မဆို ကြီးကျယ်ပြီး ထူးခြားတဲ့ကလပ်အသင်းတစ်ခုဖြစ်သလို၊ အရည်အချင်း ပြည့်စုံလွန်းတဲ့ ဗဟိုနောက်ခံလူတစ်ဦးအတွက်လည်း အလားတူပါပဲ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဗန်ဒီဗန်နဲ့ တော့တင်ဟမ်တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်အထိ ရှိနေပါတယ်။