The network connection is lost.

Banner Image

ဂီတာဖေးကို ရှုံးနိမ့်ပြီးနောက် ဖလော်ရန်တီနိုပီရက်ဇ်ဆီ စုပေါင်းတောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်ပရိသတ်များ

ယမန်နေ့၊ ဂီတာဖေးနဲ့ရင်ဆိုင်ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းပွဲစဉ်ဆီ လာရောက်ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်တွေက ဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ်အတွက် ရှင်းလင်းပြတ်သားတဲ့သတင်းစကားတစ်ခု ပေးပို့နိုင်မယ့် အခွင့်အရေးကို အမိအရအသုံးချခဲ့ကြပါတယ်။

ဒါက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပတ်သက်ဆက်နွှယ်သူအားလုံး မေ့ပစ်ချင်လောက်စရာကောင်းတဲ့ ညတစ်ခု ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးကို ဆန်တီယာဂိုဘာနေဗျူးကွင်းမှာ ဧည့်ခံကစားချိန် ၀-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ဒါက အာဘီလိုအာရဲ့အသင်းအတွက် လိဂ်နှစ်ပွဲဆက်ရှုံးနိမ့်မှုဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ဘာစီလိုနာနဲ့ ၄ မှတ်အကွာအနေအထားဆီ ရောက်ရှိသွားခဲ့ပါတယ်။

အဆိုပါဘာနေဗျူးကွင်းပွဲစဉ်အပြီးမှာတော့ ပရိသတ်အများစုက အပြစ်တင်ဖို့အတွက် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကိုသာ တိတိကျကျပစ်မှတ်ထားခဲ့ကြပါတယ်။

The Athletic သတင်းဌာနသတင်းထောက် Guillermo Rai ရဲ့အဆိုအရ ဘာနေဗျူးကွင်းပရိသတ်တချို့က 'ဖလော်ရန်တီနိုပီရက်ဇ် ရာထူးမှ နုတ်ထွက်ပေးပါ' လို့ ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။