The network connection is lost.

Banner Image

စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး သဘောထားချင်း ပြောင်းလဲသွားခဲ့ကြတဲ့ ယူနိုက်တက်နဲ့ မက်ဂွါရီ

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ဟယ်ရီမက်ဂွါရီနဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို အကြီးအကျယ် ပြောင်းလဲလိုက်ကြပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကတော့ ဒီဝါရင့်နောက်ခံလူကို အသင်းသစ်ရှာဖို့ တိုက်တွန်းခဲ့ကြပေမဲ့ အခုအခါမှာတော့ ယူနိုက်တက် တာဝန်ရှိသူတွေဟာ မက်ဂွါရီရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်အရေးနဲ့ သူ့ကို လက်လွှတ်ရမှာ စိုးရိမ်နေကြတာပါ။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ မက်ဂွါရီကို စာချုပ်သစ်အတွက် ဆွေးနွေးဖို့ စိတ်အားထက်သန်နေပေမဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားဘက်ကတော့ သူ့ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ မက်ဂွါရီဟာ ဒီရာသီမှာ နည်းပြ ရူဘင်အာမိုရင်ရော၊ လက်ရှိ တာဝန်ယူနေတဲ့ နည်းပြ မိုက်ကယ်ကာရစ်လက်ထက်မှာပါ ယူနိုက်တက်ရဲ့ ပွဲထွက်လူစာရင်းအတွက် ပထမဦးစားပေး ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်လည်း နည်းပြ ကာရစ်နဲ့ မက်ဂွါရီရဲ့ အသင်းဖော်တွေအားလုံးက သူ့ကို နောက်ရာသီမှာလည်း အသင်းမှာ ဆက်ရှိနေစေချင်ကြတာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ မက်ဂွါရီဟာ သူ့ရဲ့အစီအစဉ်တွေကို ထုတ်မပြောသေးဘဲ လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။