The network connection is lost.

Banner Image

အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်မှာ ဂျာကေးအတွက် ချဲလ်ဆီးကိုအနိုင်ယူဖို့ လှုပ်ရှားလာတဲ့ လီဗာပူး

လီဗာပူးက ရန်းနက်စ်ခံစစ်မှူးဂျာကေးအတွက် ချဲလ်ဆီးကိုကျော်ဖြတ်နိုင်ဖို့ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံနေ့ရက်မှာ အပြင်းအထန်လှုပ်ရှားနေပါတယ်။
ချဲလ်ဆီးက အခုဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ဂျာကေးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့ရက်ဖြစ်တဲ့ ဒီနေ့မှာ လီဗာပူးက လူငယ်ကစားသမားအတွက် ပေါင်သန်း ၆၀ သဘောတူညီချက်ကို ရန်းနက်စ်နဲ့အတူ ရရှိခဲ့ပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် ချဲလ်ဆီးကတော့ အခုအချိန်အထိ လီဂူးဝမ်းကလပ်နဲ့ သဘောတူညီမှုတစုံတရာ မရရှိထားပါဘူး။
အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ ဂျာကေးကိုခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ လီဗာပူးတို့ အသာစီးရရှိနေပြီလို့ သိရပါတယ်။
ပြင်သစ်လူငယ်ကစားသမားအတွက် ပေါင်သန်း ၆၀ ပေးချေဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကြိုးပမ်းနေတဲ့ ရန်းနက်စ်ဆီ လက်ကျန်ရာသီဝက်ကာလအတွက် အငှားချထားပေးဖို့ လီဗာပူးက ကျေကျေနပ်နပ်လက်ခံထားပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် အပြောင်းအရွှေ့ဈေးနှုန်းသဘောတူညီမှုမရရှိထားခြင်းအပြင် ချဲလ်ဆီးက ဂျာကေးကို သူတို့ဆီ ချက်ချင်းဆက်သွယ်လာဖို့လည်း တောင်းဆိုထားပါတယ်။
ဆက်စပ်သတင်းတွေအရ ဆန်းဒါးလန်းနောက်ခံလူဂါထရီဒါအတွက် လီဗာပူးရဲ့လှုပ်ရှားမှု ရပ်တန့်နေတယ်လို့ သိရပါတယ်။
ကြိုးကြာနီတွေက ဒုတိယရာသီဝက်အတွက် စွယ်စုံရခံစစ်ပိုင်းရွေးချယ်မှုတစ်ခုအဖြစ် ဂါထရီဒါဆီ မြှားဦးလှည့်ခဲ့ပြီးပါပြီ။
ဒါပေမဲ့ အစားထိုးကစားသမားမရှိဘဲ ဂါထရီဒါကို ထွက်ခွာခွင့်မပေးလိုတဲ့ ဆန်းဒါးလန်းရဲ့ဆန္ဒနဲ့အတူ ကစားသမားရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့ လိုက်ပ်ဇစ်နဲ့လည်း ညှိနှိုင်းဖို့လိုအပ်နေခြင်းကြောင့် အပြောင်းအရွှေ့အမှန်တကယ်ပေါ်ပေါက်လာဖို့ ပိုမိုခက်ခဲလာပုံရပါတယ်။
ဂါထရီဒါက လိုက်ပ်ဇစ်မှ ဆန်းဒါးလန်းဆီ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိမယ့် အငှားစာချုပ်ဖြင့် အခုဘောလုံးရာသီမှာ ပြောင်းရွှေ့လာပါတယ်။
နောက်ထပ်ရှုပ်ထွေးမှုတစ်ခုကတော့ အခုညပိုင်း၊ ဆန်းဒါလန်း vs ဘန်လေပွဲစဉ်မှာ ဂါထရီဒါကို အသင်းလူစာရင်းဆီထည့်သွင်းဖို့ ဆန်းဒါးလန်းနည်းပြလီဘရစ် ဆန္ဒရှိနေခြင်း ဖြစ်ပါတယ်။