The network connection is lost.

Banner Image

အလာဗက်စ်နဲ့ပွဲစဉ်ကို ရီးရဲလ်မက်ဒရစ် ကစားသမား ၁၂ ဦးအထိ လွဲချော်နိုင်

ရီးရဲလ်မက်ဒရစ်အသင်းဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် အလာဗက်စ်နဲ့ လာလီဂါပွဲစဉ်အတွက် ကစားသမား ၁၂ ဦးအထိ မပါဝင်နိုင်ဘဲ သောကြာနေ့က လေ့ကျင့်ခန်းပြန်ဆင်းခဲ့တဲ့ ကီလီယန်အမ်ဘာပေရဲ့ ဒဏ်ရာအခြေအနေကိုလည်း စိုးရိမ်နေရဆဲဖြစ်ပါတယ်။
အမ်ဘာပေဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆဲလ်တာဗီဂိုနဲ့ပွဲစဉ်အတွင်း ဒူးမှာ နာကျင်မှုခံစားခဲ့ရတာကြောင့် ဗုဒ္ဓဟူးနေ့က မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ 
အမ်ဘာပေဟာ တနင်္ဂနွေနေ့ အလာဗက်စ်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာသေးပေမဲ့ လွဲချော်မယ်လို့ အတည်ပြုထားခြင်းတော့ မရှိသေးဘူးလို့ ESPN ကို သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ 
ပြင်သစ်တိုက်စစ်မှူးဟာ မကြာသေးခင်ရက်တွေအတွင်း အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။
အမ်ဘာပေရဲ့ဒူးဒဏ်ရာအခြေအနေ တိုးတက်လာမယ်ဆိုရင် အလာဗက်စ်ကို ခရီးထွက်ဖို့ အခွင့်အရေးရှိတယ်လို့ သတင်းရင်းမြစ်တွေက ESPN ကို ပြောပါတယ်‌။
ရီးရဲလ်မက်ဒရစ်ဟာ ဒီသီတင်းပတ်ကုန်မှာ ထရန့် အလက်ဇန္ဒား-အာနိုးလ်၊ ဒန်နီကာဗာဂျယ်၊ ဒေးဗစ်အလာဘာ၊ ဖာလန်းမန်ဒီ၊ အီဒါ မီလီတာအိုတို့ကို ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး အယ်လ်ဗာရို ကာရဲရားစ်နဲ့ ဖရန်ဂါစီယာတို့ကတော့ ပွဲပယ်ခံထားရပါတယ်။
ဒါကြောင့် အလာဗက်စ်နဲ့ပွဲစဉ်မှာ အသင်းကြီးနောက်ခံလူတစ်ဦးမှ မပါဝင်နိုင်ဘဲ အလွန်ဆိုက လူငယ်ကစားသမား ဗစ်တာဗယ်လ်ဒီပီနက်စ်ကို ခေါ်ယူဖို့ မျှော်လင့်ရပါတယ်။
အီဒူယာဒိုကာမာဗင်ဂါ၊ ဖက်ဒရီကိုဗယ်လ်ဗာဒီ၊ အန်တိုနီယိုရူဒီဂါနဲ့ ဒင်းဟူဂျ်ဆန်တို့လည်း အလာဗက်စ်နဲ့ပွဲစဉ်အတွက် မသေချာသေးပါဘူး။
အဆိုပါပွဲစဉ်ဟာ လာလီဂါမှာ ဘာစီလိုနာကို ၄ မှတ်အကွာနဲ့ နောက်ကလိုက်နေရတဲ့ ရီးရဲလ်အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လိဂ် နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားပါတယ်။