The network connection is lost.

Banner Image

ပထမပိုင်းသွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီကိုအနိုင်ယူကာ ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး ၃-၀ ပီအက်စ်ဂျီ (ပွဲပြီးရလဒ်)

အခုဖိုင်နယ်ပွဲစဉ်အတွက် ချဲလ်ဆီးနည်းပြမာရက်စ်ကာရဲ့နည်းဗျူဟာပိုင်းချဉ်းကပ်မှု အတော်လေးကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်ပီအက်စ်ဂျီကို အဖက်ဖက်မှအသာစီးရရှိအောင် ကစားနိုင်ခဲ့ပါတယ်။ ရလဒ်ပိုင်းအတွက် အဆုံးအဖြတ်ဖြစ်စေမယ့်သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်းမှာပဲ အခုပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဖြစ်တဲ့ ကိုးလ်ပယ်လ်မာ(၂ ဂိုး)၊ ဂျော်အိုပက်ဒရိုတို့က သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာလည်း ချဲလ်ဆီးက ပီအက်စ်ဂျီရဲ့ချေပဂိုးရရှိရေးကြိုးစားအားထုတ်မှုတွေကို ကြံ့ကြံ့ခံရင်း သမိုင်းဝင်နိုင်ပွဲတစ်ခုကို ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။