The network connection is lost.

Banner Image

ဒိန်းမတ်နှင့် ပွဲမှာ အင်္ဂလန်ရဲ့လူစာရင်းကို အပြောင်းအလဲတစ်ခုလုပ်ဖို့ ဆောက်ဂိတ်အား တိုက်တွန်းလိုက်တဲ့ လမ်းပတ်

အင်္ဂလန်အသင်းဟာ တနင်္ဂနွေနေ့ညက ဆားဘီးယားကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် အုပ်စု C မှာ ထိပ်ဆုံးက ရပ်တည်နေပြီး အဖွင့်ပွဲစဉ်မှာ စလိုဗေးနီးယားနဲ့ ၁-၁ ဂိုး သရေကျခဲ့တဲ့ ဒိန်းမတ်နှင့်ပွဲမှာ နောက်ထပ်အနိုင်ရရှိပါက နောက်တဆင့်သို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

အာနိုးလ်ဟာ ဆားဘီးယားနှင့်ပွဲမှာ ရိုက်စ်၊ ဘယ်လင်ဂမ်တို့နှင့်အတူ ကွင်းလယ်တွင် စတင်ကစားခဲ့သော်လည်း သူ့ရဲ့အဓိကအသင်းအတွေ့အကြုံမှာ လီဗာပူးအတွက် ညာနောက်ခံကစားသမားအဖြစ် ကစားပေးခဲ့တာကြောင့် သူ့ရဲ့နေရာက သင့်လျော်မှု ရှိ မရှိအပေါ် မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

အင်္ဂလန်ရဲ့အုပ်စုအဆင့်ပွဲတွေမှာ မိုင်နူးအား ထင်ကြီးစေမယ့် အခွင့်အရေးပေးတာကို လမ်းပတ်က မြင်လိုနေပြီး အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ ယခုရာသီမှာ ယူနိုက်တက်တွင် ခြေစွမ်းပြသလာပြီးကတည်းက တုန်လှုပ်မှုမရှိခဲ့တာလည်းဖြစ်ပါတယ်။ "သေချာပေါက် မေးစရာတွေ ရှိပါတယ်။ ကွင်းလယ်မှာ အာနိုးလ်ရဲ့ အနေအထားနဲ့ ပတ်သက်ပြီး မေးခွန်းတွေက ရှိနေတုန်းပါပဲ"  "ကျွန်တော်က သူ့ရဲ့အမာခံပရိသတ်တစ်ယောက်ပါ ဒါပေမယ့် ဒီလို့အဆင့်ရဲ့ ကွင်းလယ်မှာကစားဖို့အတွက် မတူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ အထူးသဖြင့် သူက ကွင်းလယ်ကို ပိုမြင့်ပြီး အခြားနေရာတွေမှာ အများကြီးရှိတဲ့အခါ နောက်ကနေ ဖိအားပေးတာတွေရှိလာပြီး ဒါတွေကို ကြည့်သင့်တယ်လို့ထင်ပါတယ်"  "ကွင်းရဲ့ဘယ်ဘက်ခြမ်းမှာ ဖိုဒန်ကို ဒီနှစ်မှာ တွေ့ဖူးပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အင်္ဂလန်မှာလည်း ဒီလိုပုံစံမျိုးကို ကျွန်တော်တို့ အားလုံးက တွေ့ချင်ပါတယ် ဒါပေမယ့် ထရစ်ပီယာက ကောင်းကောင်းလုပ်နေသော်လည်း လုခ်ရှော မကစားနိုင်သေးသ၍ ဖိုဒန်က အတွင်းထဲသို့ဝင်ကစားရအုံးမှာပါ။ လိုင်းတွေအတွင်းမှာ နေရာပိုရဖို့ ရှာရတာကြောင့် ကျွန်တော်တို့အနေနဲ့ မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်" လို့ လမ်းပတ်က BBC Sport သို့ ပြောပါတယ်။

အလက်ဇန်းဒါး-အာနိုးလ်ထက် ကွင်းလယ်မှာ ဘယ်သူကစားမလဲလို့ မေးတော့ လမ်းပတ်က "ကျွန်တော်သာဆိုရင် မိုင်နူးရဲ့ ကစားပုံကိုကြည့်ပြီး သူ့ကိုထည့်ဖို့ စဉ်းစားမယ်လို့ ထင်ပါတယ်" "ဒီကလေးတွေက တစ်ခါတလေ အသင်းနဲ့အတူပါလာပြီး တိုက်ရိုက်ကိုအသားကျသွားတယ်လို့ ထင်ပါတယ်။ ပြီးတော့ သူတို့မှာ ဒီလိုအသိမျိုးလည်း ရှိပါတယ်" "သူက လိုင်းတွေကို ဖြတ်ပြီး ကစားတယ်။ သင့်လျော်တဲ့အချိန်မှာ ကျော်ဖြတ်မှုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုနေရာမှာ ဖာဘရီဂတ်စ်က အရမ်းတော်ပြီး ကျပ်တည်းတဲ့နေရာတွေမှာတောင် အကောင်းဆုံးလုပ်နိုင်ပါတယ်။ မိုင်နူးက ဒါတွေကို ကြောက်နေမယ်လို့မထင်ပါဘူး" "ကျွန်တော် သူ့ကို ဒီအဆင့်မှာ သေချာကြည့်ချင်ပါတယ်။ အာနိုးလ်အတွက်လည်း သေချာပေါက် နေရာတစ်ခုက ရှိနေမှာပါ။ ကွင်းလယ်မှာရှိတဲ့ အနေအထားက ခေါင်းကိုမော့ပြီး ပေးပို့မှုတွေကို ကြည့်ရမှာပါ။ အာနိုးလ်က အသင်းရှိ ဘယ်သူ့ကိုမဆို ကျော်ဖြတ်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ နေရာစုံကလာတဲ့ ဖိအားတွေ မြန်ဆန်တဲ့ ပေးပို့မှုတွေကြောင့် အဲဒါတွေကို အချိန်အတော်ကြာအောင် လေ့လာသင်ယူရမှာပါ" လို့ ပြောပါတယ်။