The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ကို အကောင်းဆုံးကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ထံ တက်ရောက်သွားတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ ၂ - ၀ ဘိုင်ယန်မြူးနစ် (ပွဲပြီးရလဒ်)

ပီအက်စ်ဂျီအသင်းဟာ ပုံမှန်အားဖြင့် ဘောလုံးကိုင်ကစားလေ့ရှိပေမယ့် ဒီနေ့မှာတော့ ဘိုင်ယန်မြူးနစ်ကို ဘောလုံးပေးကိုင်ကာ တန်ပြန်တိုက်စစ်တွေကနေ ထိုးနှက်သွားခဲ့ပါတယ်။
ပွဲပြီးခါနီး ကစားသမားနှစ်ယောက်အထိလျော့သွားပေမယ့် ဥရောပဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီတဲ့ ခြေစွမ်းမျိုး ပြသခဲ့ကာ နှစ်ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ တစ်ပွဲလုံး အသာစီးနဲ့ ကစားပြီး  အခွင့်အရေးအများအပြားရခဲ့ပေမယ့် ဒွန်နာရမ်မာကို မကျော်နိုင်ခဲ့တာကြောင့် ရှုံးပွဲကြုံကာ ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။