
ES တူးနစ်ကို ဂိုးပြတ် အနိုင်ယူကာ ရှုံးထွက်အဆင့်ကို တက်ရောက်သွားတဲ့ ချဲလ်ဆီး
ES တူးနစ် ၀ - ၃ ချဲလ်ဆီး (ပွဲပြီးရလဒ်)
ချဲလ်ဆီးအသင်းဟာ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်ဦးဆောင်ထားနိုင်ပြီ ဖြစ်တာကြောင့် ဒုတိယပိုင်းမှာတော့ လူငယ်ကစားသမားတွေကို ထည့်သုံးကာ အနိုင်ကို ထိန်းကစားသွားခဲ့ပါတယ်။
ES တူးနစ်ကတော့ ဒုတိယပိုင်းမှာ ကစားအား အတော်လေးကျသွားခဲ့ပြီး ဘာမှလုပ်ပြနိုင်ခြင်းမရှိခဲ့ဘဲ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အုပ်စုဒုတိယနေရာကနေ တက်သွားခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ရှုံးထွက်အဆင့်မှာ ဘင်ဖီကာနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။