
ပီအက်စ်ဂျီကို အနိုင်ယူပြီး အုပ်စုတက်ဖို့ အခြေအနေကောင်းသွားတဲ့ ဘိုတာဖိုဂို
ပီအက်စ်ဂျီ ၀ - ၁ ဘိုတာဖိုဂို (ပွဲပြီးရလဒ်)
ပီအက်စ်ဂျီအသင်းဟာ ယနေ့ညပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်စွမ်းဆောင်ရည် အားနည်းခဲ့တာကြောင့် ချေပဂိုးမသွင်းနိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။
ဘိုတာဖိုဂိုကတော့ တစ်ပွဲလုံး ခံစစ်စွမ်းဆောင်ရည် ပြသခဲ့ကာ ပီအက်စ်ဂျီတိုက်စစ်တွေကို အကောင်းဆုံး ကာကွယ်သွားခဲ့ပြီး ပထမပိုင်းက အီဂေါဂျီးဆပ်စ်ရဲ့ သွင်းဂိုးနဲ့အတူ ထိုက်ထိုက်တန်တန်အနိုင်ရာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။