
အန်ဖီးလ်မှာ အနိုင်အရှုံးအဖြေမပေါ်ခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေချန်ပီယံ
လီဗာပူး ၁-၁ ခရစ္စတယ်ပဲလေ့စ် (ပွဲပြီးရလဒ်)
အခုဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလားချန်ပီယံတို့ရဲ့ အန်ဖီးလ်ကွင်းတိုက်ပွဲကတော့ အနိုင်အရှုံးအဖြေမပေါ်ဘဲ တစ်ဖက်တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီပွဲစဉ်အတွက်အဖွင့်ဂိုးကို ပွဲချိန်အစောပိုင်းမှာပဲ ဆားက ဧည့်သည်တွေအတွက် သွင်းယူပေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ အိမ်ရှင်တို့ အပြင်းအထန်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ပြိုင်ဘက်ခရစ္စတယ်ပဲလေ့စ်ခံစစ်စုဖွဲ့မှုကို မကျော်ဖြတ်နိုင်ခဲ့သလို ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ဂရာဗန်ဘတ်ချ်ပါ ထုတ်ပယ်ခံခဲ့ရလို့ အကျပ်ရိုက်သွားခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ အိမ်ရှင်တွေအတွက် လိုအပ်နေတဲ့ချေပဂိုးကို မိုဆာလက်က သွင်းယူပေးခဲ့လို့ သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။